မုံရွာ၊ ဇူလိုင် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋက ဓမ္မပါလကျောင်းတိုက်(၁၉)နှစ် ပြည့်ကျောင်းတိုက်နှစ်ပတ်လည် အထိမ်းအမှတ် စာအောင်သံ ဃာဂုဏ်ပြုပူဇော်ပွဲအခမ်းအနား ကိုဇူလိုင်လ ၁၃ ရက်၊ နံနက်ပိုင်းတွင်း အဆိုပါကျောင်းတိုက် ကြီးရှိ ဓမ္မဝိနယဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားသို့ ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင် သံဃာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့်ဇနီးများ၊ အလှူရှင်များ တက်ရောက်ကြ သည်။

ဦးစွာ “ နမောတဿ ”သုံးကြိမ်ရွတ်ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ သာစံကျောင်းတိုက် ပဓာနနာယက သက်တော် ရှည်ဆရာတော် ကြီးထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူတောက်တည် ကြသည်။

ယင်းနောက် ဆရာတော်၊သံဃာတော် အရှင်သူမြတ်များထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး ပင့်သံဃာဆရာတော် ကြီးများထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး နိုင်ငံတော်အစိုးရမှကျင်းပသည့် (၇၆)ကြိမ်မြောက် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် သာသနာ့အာဇာနည် စာအောင် သံဃာတော် ၆ ပါးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဘွဲ့လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းကြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိ ကြီးတို့က မုံရွာမြို့၊ ရွှေတောင်ဦး တိပိဋကဓမ္မပါလကျောင်းတိုက်ကြီးအတွက် အလှူငွေများအား ပေးအပ်လှူဒါန်းကြသည်။

ဆက်လက်၍ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက် ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကော ဝိဒ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဓန္တပညာဝံသ ဆရာတော်ကြီးမှ အနုမောဒနာတရား နာယူကြညိုကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ “ ဗုဒ္ဓသာ သနံ စိရံ တိဌတု ”သုံးကြိမ် ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ပင့်သံဃာဆရာတော်ကြီးများနှင့် စာအောင်သံဃာတော်များအား တိုင်းဒေ သကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

20240715 07

20240715 07

20240715 07

20240715 07