မုံရွာ ဇူလိုင် ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နေပြည်သူများများ ငါးစားသုံးမှုဖူလုံစေရေးနှင့် ငါးသယံ ဇာတပေါများစေရေးတို့အတွက် ကန်သာယာကန်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကန်ရှိရေပေါ်စင်တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ စုမျိုးသွယ်က ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များနှင့် တာဝန်ရှိသူများက ငါးမြစ်ချင်း ငါးသားပေါက်ကောင် ရေ ၁ သိန်းအား ကန်သာယာ ကန်အတွင်း ငါးမျိုးများအားတပျော်တပါး စိုက်ထည့်ပေးခဲ့ကြသည်။
တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ချင်းတွင်း မြစ်အတွင်း ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၃၆၀၀၀၀ (သုံးသိန်းခြောက်သောင်း)နှင့် မုံရွာမြို့ ကန်သာယာကန်နှင့် လယ်တီကန်အတွင်းသို့ ငါးသားပေါက်ကောင်ရေ စုစုပေါင်း ၂ သိန်းတို့အား ငါးမျိုးများစိုက်ထည့်ခဲ့ကြောင်း သိရသည်။



