မုံရွာ၊ သြဂုတ် ၁၅

၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန် ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ ရက်၊ မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်း မတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေ သကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများ၊နည်းပြများနှင့် အားကစား သမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီး အစိုးရအနေဖြင့်လည်း အားကစားမူဝါဒများ အားအကောင်အထည်ဖော်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့်အတူ အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် မိမိတို့တိုင်းဒေသကြီး အတွက် ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးပေးသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၃-ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား တံခွန်စိုက်ဒုတိယဆုနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အမျိုးသားတံခွန်စိုက်ဆုများ ရရှိခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်း လက်ရွေးစင်အားကစားသမားများအနေ ဖြင့်ယခင်နှစ်များမှရရှိခဲ့သည့် အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်းပြီး အနိုင်မခံ အရှုံးမပေးသည့်ဇွဲစိတ်ဓါတ်ဖြင့် တစ်ဦးချင်းနှင့်အသင်းလိုက်ပြိုင်ပွဲများတွင် အောင်မြင်မှု များပိုမိုရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည် နယ်အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ် ပြိုင်မည့် တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းနည်းပြများနှင့် အသင်းအုပ်ချုပ်သူများထံ ဂုဏ်ပြုထောက်ပံ့ငွေကျပ် – ၁၁၄,၀၀,၀၀၀ (တစ်ရာတစ်ဆယ့်လေးသိန်းကျပ်)နှင့် အောင် နိုင်sရေးအလံတို့အား ပေးအပ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူက တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင် ရောက်ယှဉ်ပြိုင်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်း တင်ဓါတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပြေး ခုန်ပစ်အသင်း အားကစားသမားများ၊ အသင်းနည်းပြများနှင့် အုပ်ချုပ်သူများအား ရင်းရင်း နှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

20240815 06

20240815 06

20240815 06