မုံရွာ၊ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ မြစင်္ကြာကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော်များ ဝါတွင်းကာလအတွင်း ဆွမ်းအခက်အခဲမရှိစေရေးတို့အတွက် တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးတို့အား ဆက် ကပ်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက် ကြီးတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသူ တက်ရောက်ကြသည်။

ဦးစွာ ဆရာတော်ကြီးများထံ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်များက လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ်လှူဒါန်း ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး သုဗောဓာရုံကျောင်းတိုက်ကြီးသို့ ရောက်ရှိရာ ပင့်သံဃာဆရာတော်၊ သံဃာ တော်များထံ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးအား ဆက်ကပ် လှူဒါန်းကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့သည်။

အဆိုပါ စစ်ကိုင်းတောင်ရိုး မြစင်္ကြာကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော် ၅၄၅ ပါးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆွမ်းဆန် – ၄၅ အိတ်၊ ဆီ – ၈၁ ပိဿာ၊ ဆား – ၃၄ ပိဿာ၊ ပဲ – ၈၁ ပိဿာနှင့် သုဗောဓာရုံကျောင်းတိုက်ကြီးရှိ ဆရာတော်၊ သံဃာတော် ၄၂၁ ပါးတို့ အတွက် ဆွမ်းဆန် – ၃၅ အိတ်၊ ဆီ – ၆၃ ပိဿာ၊ ဆား – ၂၆ ပိဿာ၊ ပဲ – ၆၃ ပိဿာတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်း မြို့၊ ရန်နိုင်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)သို့ ရောက်ရှိပြီး စစ်ကိုင်းခရိုင်/မြို့ နယ်ပညာရေးမှူးများနှင့်စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ/ဆရာ မကြီးများနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေ ခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက အခြေခံပညာကျောင်းများဖွင့်လှစ်ထားရှိမှု၊ ကျောင်းသားအပ်နှံမှုနှင့်ကျောင်းတက်ရောက်မှု အခြေအနေများ၊ ကျောင်းသုံးပရိဘောဂပစ္စည်း များ လိုအပ်မှုအခြေအနေများ၊ ကျောင်းဆောင်အဆောက်အဦများ လိုအပ်မှုအခြေအနေများနှင့် သင်ကြားရေးနှင့်စီမံရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြ ပြီးတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များကလိုအပ် သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြောင်း သိရသည်။

20240819 10

20240819 10

20240819 10

20240819 10

20240819 10

20240819 10