မုံရွာ၊ သြဂုတ် ၂၀

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်း အမှတ်အခမ်းအနားကို သြဂုတ်လ ၂၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်း ခရိုင်၊ ဟုမ္မလင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်ဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကျောင်းသားလူငယ်များသည် နောင်အနာဂတ်တွင် နိုင်ငံတော်အတွက်အရေးပါသည့် အင်အားတစ်ရပ်ဖြစ်သည့်အတွက် ဘက် စုံဖွံ့ဖြိုးတိုးတက်ပြီး စွမ်းရည်ထက်မြတ်သည့် နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာကြစေရန် စာသင်ကျောင်းများမှ အစပြုခြင်းဖြစ်ပါကြောင်း၊ စာသင်ကျောင်းများမှစတင်ပြီး ကျောင်းသား လူငယ်များ၏ ကျန်းမာရေးပြည့်စုံကောင်းမွန်နေရုံသာမက ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ် များမွေးထုတ်ပေးနိုင်ရန်အတွက် ကျောင်းသား၊ကျောင်းသူများအပါအဝင် ပညာရေးနှင့်ကျန်းမာ ရေးကဏ္ဍ အခြားနှီးနွယ်ဌာနများ အဖွဲ့အစည်းများနှင့် မိဘပြည်သူလူထုများ ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် Video Clip အား ကြည့်ရှုအားပေးခဲ့ကြပြီး ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်း မာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အားကစားသမားများအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ဘော်လီဘောပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အားကစား သမားများအား လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက စားပွဲတင်တင်းနစ် ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အားကစားသမားများအား လည်းကောင်း၊ ဟုမ္မလင်းတပ်နယ်မှူးက ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသည့် အားကစားသမားများအား လည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌတို့က သံပြားပစ်၊ သံလုံးပစ်၊ လှံတံပစ်၊ ထုတ်စည်းတိုးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် အားကစားသမားများအား လည်းကောင်း ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး တာဝန်ရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကာ အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမ အတွင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုများ အထိမ်း အမှတ်အဖြစ် ခင်းကျင်းပြသထားသည့် မှတ်တမ်းဓါတ်ပုံပြခန်းအား လိုက်လံကြည့်ရှုခဲ့ကြပြီး ဟုမ္မလင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သံဓါတ်အားဆေးများ တိုက်ကျွေးကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ ပြည်သူဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးထံ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ပြီး ဆေးကုသမှုခံယူ နေကြသည့် ‌ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကားများ ပြော ကြားပြီး အဟာရဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

20240821 01

20240821 01

20240821 01

20240821 01

20240821 01

20240821 01