မုံရွာ၊ အောက်တိုဘာ ၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများလိုက်ပါလျက် အောက်တိုဘာလ ၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ကွက်အတွင်းရှိ ပြည်သူများအား တစ်အိမ်တက်ဆင်း ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ သန်းခေါင်းစာရင်းကောက်ယူ နေမှုလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ မြို့သစ်ရပ် ကွက်ရှိ ပြည်သူများအား ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအားသွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်၊ ရွှေမင်းဝံလမ်း အရှည် – ၇၃၀၀ ပေ၊ အကျယ် – ၁၈ ပေအား လမ်းသားချဲ့၍ အခြေခံအလွှာပြုပြင်ခြင်းနှင့် နိုင်လွန်ကတ္တရာခင်းခြင်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ တိုင်းဒေသ ကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက ရွှေမင်းဝံလမ်းနှင့် စစ်ကိုင်းမြို့အတွင်း နိုင်လွန် ကတ္တရာလမ်းများ ခင်းကျင်းနေမှုလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိုင်လွန်ကတ္တရာခင်းကျင်း နေမှု လုပ်ငန်းများဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းနှင့်ရွှေမင်းဝံ တောင်ရိုးဝန်းကျင်ရှိ ဘုရားစေတီပုထိုးများအား လာရောက်ဖူးမျှော်ကြမည့် ဘုရားဖူးပြည်သူများ
ညအိပ်လာရောက်လည်ပတ်ကာ ဘုရားဖူးရာတွင် စေျးနှုန်းသက်သာစွာဖြင့်တည်းခို၍ တော တောင်အလှရှုခင်းများ ကြည့်ရှုခံစားရင်းစေတီဘုရားများအား ဖူးမျှော်နိုင်ရေးအတွက် ဆွမ်းဦးပု ညရှင်စေတီတော် သာသနာ့ဗိမာန်ဒုတိဘအထပ်တွင် ဖွင့်လှစ်ထားသည့် ရွှေတောင်ရိုးမိုတယ်၌ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဌများ၊ စစ်ကိုင်းဇုန် ဟိုတယ်လုပ်ငန်းရှင်များနှင့် ဂေါပက အဖွဲ့ဝင်များနှင့်တွေ့ဆုံရာ တာဝန်ရှိသူများမှ စစ်ကိုင်းတောင်ရိုးနှင့် မင်းကွန်းတောင်ရိုးရှိ ဘုရား စေတီပုထိုးများသို့ ပြည်တွင်းပြည်ပ ဘုရားဖူးလာရောက်မှု အခြေအနေများ၊ ဘုရားစေတီပုထိုး များအား ရှေးဟောင်းလက်ရာမပျက် ထိန်းသိမ်းထားရှိမှု အခြေအနေ
များ၊ ဘုရားဖူးလာရောက် မည့်ပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနေထိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ရွှေတောင်ရိုးမိုတယ်နှင့် ဆွမ်းဦးပုညရှင်စေတီတော်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသားစွာ ဖူးမျှော်နိုင်ရေး အတွက် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

20241007 21

20241007 21

20241007 21

20241007 21

20241007 21

20241007 21

20241007 21

20241007 21

20241007 21