မုံရွာ၊ အောက်တိုဘာ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၄)ကို အောက်တိုဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက် တာဝန်ခံများ၊ အသင်းနည်းပြများနှင့်အုပ်ချုပ်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစား ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ပြိုင် ပွဲဝင်အားကစားသမားများ စုဖွဲ့လေ့ကျင့်နေမှုများအား Power Point ဖြင့် ရှင်းလင်းတင် ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အားကစားနှင့်ကာယ ပညာသိပ္ပံ(မုံရွာ) ကျောင်းအုပ်ကြီးနှင့် အားကစားနည်းများအလိုက် တာဝန်ခံများ၊ အသင်း နည်းပြများနှင့်အုပ်ချုပ်သူများက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် အားကစားနည်း များအလိုက် စခန်းသွင်းစုဖွဲ့လေ့ကျင့်နေမှုများနှင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် အခြေအနေများအား အသီးသီး ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူ ကြီးကြပ် နေသည့် အားကစားနည်းများအလိုက် စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေများ၊ စား သောက်ရေး/နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးထားသည့် အခြေအနေများ အား ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို အသီး သီးဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသားအားကစား ပွဲတော်ပြိုင်ပွဲကြီးသို့ အားကစားနည်းများအလိုက် သွားရောက်ယှဉ်ပြိုင်ကြမည့် အုပ်ချုပ်/ နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအားလုံးအတွက် ပြိုင်ဆိုင်မှုပြင်းထန်လှ သည့်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပါကြောင်း၊ တာဝန်ရှိသူအားလုံးအနေဖြင့် ပြိုင်ပွဲကြီးအပေါ် တာ ဝန်ခံမှု၊တာဝန်သိမှုစိတ်ဓါတ်အပြည့်ဖြင့် ပြိုင်ပွဲများအလိုက် မိမိတို့အသင်းအနိုင်ရရှိရေး အားတစိုက်မတ်မတ် အလေးအနက်ထားပြီး စံချိန်ကောင်းများဖြင့် ဆုတံဆိပ်များရရှိကာ အောင်မြင်မှုများရရှိရေးအတွက် ပေါ့ဆမှုမရှိဘဲ အလေးထားဆောင်ရွက်သွားကြရန် လို အပ်ပါကြောင်း၊ အသင်းလိုက်အားကစားအနေဖြင့် လက်ရှိတွင်တစုတစည်းတည်း လေ့ ကျင့်နိုင်ပါက တစ်ဦးနှင့်တစ်ဦးအချိတ်အဆက်မိမိ ယှဉ်ပြိုင်ကစားသွားနိုင်မည် ဖြစ်ပါ ကြောင်း၊ အုပ်ချုပ်/နည်းပြများနှင့် ပြိုင်ပွဲဝင်အားကစားသမားအနေဖြင့် အားကစားနည်း များအလိုက် အမှန်တကယ်စုဖွဲ့လေ့ကျင့်ပြီး ဆုတံဆိပ်များဆွတ်ခူးရရှိအောင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အားကစားသမားကောင်း စိတ်ဓါတ်ပြည့်ဝစွာဖြင့် စည်း ကမ်းကောင်းမွန်ပြီး ယုံကြည့်ချက်ခံယူချက် ကောင်းမွန်စွာဖြင့် ယှဉ်ပြိုင်ကစားသွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူ များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




