မုံရွာ၊ နိုဝင်ဘာ ၃

၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ၃ရက်၊ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းတွင် ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်ဝန်ထမ်းများ၊ ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယခုအားကစားပြိုင်ပွဲကြီးတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များအနေဖြင့် စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်၊ သိုက်သိုက်ဝန်းဝန်းဖြင့် ပါဝင်ယှဉ်ပြိုင်ပေးသည့်အတွက် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် များစွာဝမ်းမြောက်မိပါကြောင်း၊ အားကစားသမားများအနေဖြင့်လည်း ယှဉ်ပြိုင်လျှင် အနိုင်ရမည်ဆိုသော အားကစားစိတ်ဓါတ်ဖြင့် အနိုင်မခံအရှုံးမပေး ဇွဲစိတ်ဓာတ်အားအရင်းခံပြီး တရားသောယှဉ်ပြိုင်ခြင်းဖြင့် သန့်သန့်ရှင်းရှင်းယှဉ်ပြိုင်ကစားသွားကြရန်နှင့် မိမိတို့၏ဌာနဂုဏ်အား အားကစားဖြင့် မြှင့်တင်ပေးသွားကြရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲများ၏ ဒိုင်လူကြီးများအနေဖြင့် တရားမျှတစွာကြီးကြပ်ဆောင်ရွက်ကာ အားပေးမည့်ဝန်ထမ်းမိသားစုဝင်များအနေဖြင့်လည်း မျှမျှတတအားပေးကြပြီး စည်းလုံးညီညွတ်မှုပျက်ပြားစေမည့်အားပေးမှုမျိုးများအား ရှောင်ကျဉ်သွားကြရန်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများအား လေးစားလိုက်နာဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားကာ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစား ပြိုင်ပွဲများအား ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များက ပြိုင်ပွဲဝင်အားကစားအသင်းများမှ အသင်းအုပ်ချုပ်သူများနှင့် ဘင်ခရာ/ပန်းပွား၊ Fitness Dance ၊ အလံကိုင်၊ ဆိုင်းဘုတ်ကိုင်အဖွဲ့များအား ဂုဏ်ပြုချီးမြှင့်‌ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မုံရွာမြို့ပေါ်ရှိ ဌာနဆိုင်ရာများမှဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ ဘင်ခရာ/ပန်းပွား၊ Fitness Dance တို့ဖြင့် တီးခတ်သရုပ်ပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး ဘောလုံးအဖွင့်ပွဲစဉ်အဖြစ် ပညာရေးဒီဂရီကောလိပ်အသင်းနှင့် ပဉ္စအားမာန်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုတို့အား ကြည့်ရှုအားပေးကြရာ ပညာရေးဒီဂရီ ကောလိပ်အသင်းက ပဉ္စအားမာန်အသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။

အဆိုပါ ၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနများနှင့်တက္ကသိုလ်/ဒီဂရီကောလိပ်များ အားကစားပြိုင်ပွဲများအား နိုဝင်ဘာလ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ အားကစား နည်း ၁၁ နည်းအား ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဝန်ကြီးဌာနများနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပြိုင်ပွဲအသင်း ၁၄ သင်းမှ ပြိုင်ပွဲဝင်အားကစားသမား စုစုပေါင်း ၁၂၄၀ ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

20241104 08

20241104 08

20241104 08

20241104 08

20241104 08

20241104 08

20241104 08

20241104 08

20241104 08

20241104 08