မုံရွာ၊ နိုဝင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ e-government စနစ် အကောင်အထည်ဖော် ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည e-government လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေး သင်တန်းဆင်းပွဲ အခမ်း အနားကို နိုဝင်ဘာလ ၁၃ ရက်၊ မွန်းလွဲပိုင်းတွင် ကွန်ပျူ တာတက္ကသိုလ်(မုံရွာ)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသ ကြီး e-government စနစ် အကောင်အထည်ဖော်ရေးဦးစီးကော်မတီနာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ကျောင်းအုပ်ကြီးနှင့် နည်းပြ ဆရာ/ဆရာများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-government စနစ် အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံ တော်အနေဖြင့် e-Government လုပ်ငန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာ ဌာနများကိုလည်း e-Government လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် တွန်းအား ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းသည် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်း ဆောင်တာများအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် ဦးတည်သည့် ခရီးစဉ်အတွက် အရေးပါသည့် ခြေလှမ်းတစ်ခုဖြစ်ပြီး တိုင်းဒေသကြီးအတွင်းမှာရှိသည့် ပြည်သူ/ပြည်သားအားလုံးအတွက် ပိုမိုထိရောက်သည့် ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းမီနိုင်သော အစိုးရတစ်ရပ်အားတည်ဆောက်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်ပါကြောင်း၊မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ယခုသင်တန်းတစ်လျှောက်လုံးတွင် တစ်ဦးချင်းစီ ၏ ဌာနများအပေါ်မှာထားရှိသည့် စေတနာနှင့် ကြိုးစားအားထုတ်မှုများအတွက် တစ်ယောက်ချင်းစီအား ဂုဏ်ပြုပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ယခုသင်တန်းမှရရှိသည့် အသိပညာနှင့် ကျွမ်းကျင်မှုများအား နေ့စဉ်လုပ်ငန်းခွင်တွင် လက်တွေ့အသုံး ချသွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်ရန်အတွက် တုံ့ပြန်မှု၊ ထိရောက်မှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုရှိသည့် ဒစ်ဂျစ် တယ်နည်းပညာဖြင့် စွမ်းဆောင်နိုင်သော အစိုးရတစ်ရပ် တည်ဆောက်ရန်အတွက် မိမိတို့ အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နည်းပညာ၏ စွမ်းအားကိုအသုံးချခြင်းဖြင့် မိမိတို့တိုင်းဒေသကြီးအတွက် ပိုမိုတောက်ပသည့် အနာဂတ်ကိုဖန်တီး နိုင်မှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၏ e-Government စနစ်ကိုအောင်မြင်စွာ အကောင် အထည်ဖော်ဆောင်နိုင်ရန် တာဝန်ရှိသူအားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်သွားကြ ရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကသင်တန်းတွင်ထူးချွန် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့် သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုဆုလက်မှတ်များအားအသီးသီးပေးအပ် ချီးမြှင့်ပြီး တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက သင်တန်းနည်းပြနှင့်လ/ထနည်းပြများအတွက် နည်းပြတစ်ဦးထံ ဂုဏ်ပြုမှတ်တမ်းလွှာများအား လည်းကောင်း၊ တိုင်းဒေသကြီး e-government စနစ် အကောင်အထည် ဖော်ရေးဦးစီးကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးက သင်တန်းသား/သူများကိုယ်စား သင်တန်းသား ၁ ဦးထံ သင်တန်းဆင်းလက်မှတ်များအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင် စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင် တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။







