မုံရွာ၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆)ရက်တာအကြိုလှုပ်ရှားမှုအထိမ်းအမှတ် အသိပညာ‌ပေး အခမ်းအနားကို နိုဝင်ဘာ ၂၁ ရက်၊ ‌ ‌မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မြင့်မြင့်အောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး ဒေါ်စိုးပပ၊ တိုင်းဒေသကြီး၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ဖိတ်ကြားထားသူများ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာစစ်ကိုင်းတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့၊ နာယက က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဆန့်ကျင် တိုက်ဖျက်တာကို ထုတ်ဖော်ပြောဆိုပေးခြင်း၊ အကြမ်းဖက်မှု ကိစ္စရပ်အပေါ် လူအများအာရုံစူးစိုက်လာအောင် အခြားသော အမျိုးသားများနဲ. ပူးပေါင်း ဆောင်ရွက်ခြင်းတို့ဖြင်ြ လုပ်ဆောင်ပေးနိုင်ပါကြောင်း၊ အခုလို တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်နေကြသူများ အားလုံးကိုလည်း ကျေးဇူးတင်ပါကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ မိခင်၊ အစ်မ၊ ညီမများနဲ့ ဇနီးသည်တွေ၊ သမီးတွေ အားလုံး အကြမ်းဖက်မှု၊ အခြိမ်းအခြောက်ခံနေရမှုတွေက ကင်းဝေးပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် အားလုံးကို တတ်စွမ်းတဲ့ အခန်းကဏ္ဍအသီးသီးကနေ ပူးပေါင်း လုပ်ဆောင်သွားကြပါစို့လို့တိုက်တွန်းရင်း ဒီနှစ်ရဲ့ ၁၆ရက်တာလှုပ်ရှားမှုရဲ့ ဆောင်ပုဒ် ကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ အားလုံးပေါင်းစု ကြိုးပမ်းလို့ ဘေးကင်းကြေညာစာတမ်းနှင့် လုပ်ငန်းစီမံချက် နှစ်(၃၀)ပြည့်ဆီ အရောက်လှမ်းစို့ စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီးစစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဌ က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် တိုင်းဒေသကြီး အတွင်းဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာအဖွဲ့၏လုပ်ငန်း များအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးက အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုများနှင့် ပတ်သက်၍ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးနှင့် တက်ရောက်လာသူများက Gender, CEDAW ,NSPAW သဘောတရားများအား အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

20241122 10

20241122 10

20241122 10

20241122 10

20241122 10

20241122 10

20241122 10