မုံရွာ၊ နိုဝင်ဘာ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်၊တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အောင်ချမ်းသာ ရပ်ကွက်ရှိ အောင်ချမ်းသာ ဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိ ဦးထွန်းထွန်းက ဈေး ဆိုင်ခန်းများ၌ ဈေးသည်များ ဈေးရောင်းချနေမှု အခြေ အနေများနှင့် ကာလကြာမြင့်ပြီဖြစ်သည့် သံဖရိမ် ဈေးရုံ အလျား – ၁၀၂ ပေ၊ အနံ – ၅၁ ပေ ရှိ ဈေးရုံ၊ သစ် သား ဈေးရုံ – ၆ ရုံ၊ သားငါးတန်း၊ သစ်သီးတန်း ဈေးရုံများ ပြန်လည်ပြုပြင် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ ဈေးအတွင်းရေစီးရေလာကောင်းမွန်ရေး ရေနှုတ်မြောင်းများ ပြန် လည်တူးဖော်နေမှုနှင့် ဈေးကြီးအားခြံစည်းရိုးကာရံနေမှု လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်း လင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဈေးအတွင်းရှိ ဆိုင်ခန်းများသန့် ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ဈေးရုံအဆောက် အဦများအား သတ်မှတ်အရည် အသွေးများနှင့်အညီ ရေရှည်ကြံ့ခိုင်မှုရှိအောင်တည်ဆောက်သွားရေးနှင့် မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရေးနှင့် တည် ဆောက်ပြီးစီးခဲ့သည့် ဆိုင်ခန်းများအား ယခင်မူလ ဈေး ရောင်းခဲ့ချသူများထံ စနစ် တကျပြန်လည်ခွဲဝေ နေချထားသွားရေးတို့အား မှာကြားကာ တည်ဆောက်ရေးလုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ချမ်းသာ ဈေးအတွင်း ဈေးရုံအဆောက်အဦများ ပြန်လည်ပြုပြင်တည်ဆောက်ပြီးစီးမှု၊ ရေနုတ် မြောင်းများတူးဖော်နေမှုနှင့် ခြံစည်းရိုးကာရံနေမှုလုပ်ငန်းများအား လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးရောင်းချသူများအား ဈေး၏လိုအပ်ချက်များကို ရင်းရင်းနှီးနှီးလိုက်လံ မေးမြန်းခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသူ မုံရွာမြို့၊ ဘုရား ကြီးရပ်ကွက်ရှိ သီရိရတနာ ဈေးသို့ ရောက်ရှိရာ မုံရွာမြို့နယ်အမှုဆောင်အရာရှိက သီရိ ရတနာ ဈေးအတွင်း ဈေးရောင်းချနေမှု အခြေအနေများ နှင့်ကာလကြာမြင့် နေပြီဖြစ်သည့် ဈေးရုံအဆောက်အဦများနှင့် ဆိုင်ခန်းများ ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သီရိရတနာ ဈေးကြီးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဈေးကြီးအတွင်းရှိ ဈေးရုံအဆောက်အဦများနှင့် ဆိုင် ခန်းများပျက်စီးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဈေးသစ်ကြီး ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20241202 19

20241202 19

20241202 19

20241202 19

20241202 19

20241202 19