မုံရွာ၊ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်း တောင်ရိုးရှိ ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအနီး ရေနုတ်မြောင်းများ ရေစီး ရေလာကောင်းမွန်ရေးတို့အတွက် စစ်ကိုင်း -ကျောက်တာ-ရေခါး-စကျင်လမ်း ၀/၀ မှ ၉/၀ အထိ အုတ်စီရေမြောင်းများဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ ခရိုင်လမ်းဦးစီး ဌာန၊ ခရိုင်ဦးစီးမှူးက အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်မှုအား စံချိန် စံညွှန်းမီစွာဖြင့် အရည်အသွေးကောင်းမွန်စွာ ဆောင်ရွက်သွားရေးတို့အား မှာကြားကာ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ပြီး အုတ်စီရေမြောင်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုစစ် ဆေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီမြစ် ရေတိုက်စားမှုမှ ကာကွယ်နိုင်ရန်အတွက် စစ်ကိုင်း-မင်းကွန်း-ထုံးဘို-မယ်ဇလီချောင်း- ချောင်းဦးလမ်း ၀/၂ မှ ၁/၂ အတွင်း ၂၃၀၈ ပေအရှည်အား Hand Rail ဆောင် ရွက်နေမှု လုပ်ငန်းခွင်သို့ရောက်ရှိရာ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက Hand Rail လုပ်ငန်းများ ဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ Hand Rail လုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ ပေါ်ရှိဝန်ထမ်းများ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်စားသုံးမှု အဆင်ပြေစေရန်နှင့် ဒေသ၏ဟင်းသီးဟင်းရွက်လိုအပ်မှုအား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ရည်ရွယ်၍ ဧရာဝတီမြစ် ကမ်းဘေမြေနုကျွန်းပေါ်၌ စစ်ကိုင်းခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ၏ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိရာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးတို့က ဟင်းသီး ဟင်းရွက်များ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ဆက်လက်စိုက်ပျိုးသွားမည့် အခြေအနေများအား လိုက်လံရှင်းလင်း ပြသကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဟင်းသီး ဟင်းရွက် စိုက်ပျိုးထားရှိမှု များနှင့် ပတ်သက်၍ ရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးကာ စိုက်ခင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။





