မုံရွာ၊ ဇန်နဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၉/၂၀၂၄) သို့တက်ရောက်မည့် သင်တန်းသားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၀ ရက်၊ နံနက်ပိုင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာ နဆိုင်ရာများနှင့် သင်တန်း သားများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာန ချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းတို့က အမှာစကားများ ပြောကြားကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များက ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၉/၂၀၂၄)သို့တက်ရောက်မည့် သင်တန်း သားများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် အသုံးအဆောင်ပစ္စည်းများအား အသီးသီး ပေး အပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၉/၂၀၂၄)သို့တက်ရောက်မည့် သင်တန်းသား ၁၅၉ ဦးအတွက် ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသုံးအဆောင်ပစ္စည်းတန်ဖိုး စုစု ပေါင်းငွေကျပ်- ၂၀၈၇၀၀၀၀ (သိန်းနှစ်ရာရှစ်သိန်းခုနှစ် သောင်းကျပ်)အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။




