မုံရွာ၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅)ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံ မှုကော်မတီ
ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကော်မတီအဖွဲ့ဝင်များအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရင်းနှီး မြှုပ်နှံမှု လျာထားချက်ပြည့်မီကျော်လွန်သွားပြီးဖြစ်သော်လည်း နောက်ထပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ ထပ်မံဝင်ရောက်လာရန်နှင့် လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ် ငန်းများမှလည်း ရင်းနှီးမြှုပ်နှံမှုများ ထပ်မံတိုးမြှင့်ထည့်ဝင်ဆောင်ရွက်နိုင်ရန် ဆက်လက် ၍ဖိတ်ခေါ်အားပေးသွားရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊မွေးမြူ ရေးစသည့် လုပ်ငန်းကဏ္ဍများမှလည်း ပြည်တွင်း၊ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဝင် ရောက်လာစေရေးအတွက် ကော်မတီအဖွဲ့ဝင်များအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသ ကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဆင့်ဆင့်သန်းက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-ခုနှစ်၊ ဇန်နဝါရီလအတွင်း စိစစ်ကြပ်မတ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအခြေ အနေများနှင့် စစ်ကိုင်းမြို့တွင် CMP စနစ်ဖြင့် ဆက်သွယ်ရေးလုပ်ငန်းသုံး Signal Cable အမျိုးမျိုးထုတ်လုပ်ခြင်းဆောင်ရွက်လျက်ရှိသည့် Jinxin Technology (Sagaing) Co.,ltd မှကုန်ကြမ်းများ၏ Norm ယူနစ်နှင့် ကုန်ကြမ်းသုံးစွဲမှုစာရင်း ပြင်ဆင်ဆောင်ရွက်ခွင့် ပြုပါရန် တင်ပြလာခြင်းနှင့် ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ပေးသွားမည့် အခြေအနေများအား ရှင်းလင်းပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။

20250303 11

20250303 11