မုံရွာ၊ မတ် ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မတ်လ ၁၂ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းစက်မှုဇုန်ရှိ တစ်ရက်လျင် ၅၀ ကီလို ဂရမ် ကွန်ပေါင်းဓါတ်မြေဩဇာ အိတ် ၂၀၀၀ ထုတ် လုပ်နေသည့် “သုတသုခ” ဓါတ်မြေဩဇာစက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ကွန်ပေါင်းဓါတ်မြေဩဇာ ၁၃ မျိုး ထုတ်လုပ်နေမှုများ နှင့်ထုတ်ပိုးမှုပုံစံ အဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထုတ် လုပ်နေသည့် ဓါတ်မြေဩဇာ များအရည်အသွေးပြည့်မီစွာ ထုတ်လုပ်သွားရေး၊ တောင်သူများဈေးနှုန်း သက်သာစွာဖြင့် လုံလောက်စွာ ဝယ်ယူရရှိအောင် ထုတ်လုပ်သွားရေးတို့အား မှာကြားကာ ဓါတ်မြေဩဇာ စက်ရုံအတွင်းနှင့် ဓါတ်မြေဩဇာ ဓါတ်ခွဲခန်းတို့အား လိုက်လံကြည့်ရှုခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စစ်ကိုင်းစက်မှုဇုန်ရှိ နီဖန်း EV ဆိုင်ကယ်နှင့် သုံးဘီးဆိုင်ကယ်အမျိုးမျိုး ထုတ်လုပ်နေသည့် “မဟာနီလာ” ကုမ္ပဏီသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း နှစ်ဘီးဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ် ထုပ်လုပ်နေမှုများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည််များကို တာဝန် ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စည်ပင်သာယာရေးအဖွဲ့နှင့် စက်မှုလုပ် ငန်းရှင်များပူးပေါင်းဆောင်ရွက်နေသည့် စစ်ကိုင်းစက်မှုဇုန်ရှိ အမှတ် ၆ လမ်း ကိုယ်အားကိုယ်ကိုး ကွန်ကရစ်လမ်းခင်းကျင်းနေမှု လုပ်ငန်းခွင်သို့
ရောက်ရှိရာ တည်ဆောက်ရေးတာဝန်ခံမှ စစ်ကိုင်းစက်မှုဇုန် အမှတ် ၆ လမ်း အရှည် – ၄၅၀၀ ပေ၊ အကျယ် – ၁၈ ပေ၊ ၉ လက်မထု ခင်းကျင်းနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည််များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250317 12

20250317 12

20250317 12

20250317 12

20250317 12

20250317 12