မုံရွာ၊ မတ် ၁၂

3Rs စနစ်ကိုလိုက်နာခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိ ပညာပေးပွဲ အခမ်း အနားကိုမတ်လ၁၂ရက်၊နံနက်ပိုင်းတွင်စစ်ကိုင်းမြို့၊ စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်း ဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်း အုပ်ကြီးနှင့်ဆရာ၊ဆရာမများ၊ကျောင်းသာ၊ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာကိစ္စရပ်များအား သက်ဆိုင်ရာကဏ္ဍအသီးသီးတွင် ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ မဏ္ဍိုင် ၃ ရပ်လုံး ဟန်ချက်ညီစွာဖြင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိခိုက် မှုနှင့် လူမှုစီးပွားရေး၊ ကျန်းမာရေးထိခိုက်မှု အနည်းဆုံးနည်းလမ်းများဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက 3Rs စနစ်ကိုလိုက်နာခြင်းနှင့် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်တတ်စေရေး အသိ ပညာပေးအကြောင်းအား Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ညဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးထံ အမှိုက်ပုံးများ ပေးအပ်ပြီး အခမ်း အနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦး စီးဌာနမှကျင်းပသည့် ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား ကာကွယ်တားဆီး ရေးလှုပ်ရှားမှု Campaign သို့တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေ သကြီး အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များက စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ကျောင်းရှေ့မှ စတင်၍ တာဝါတိုင်ဆိပ်အထိ တစ်ပျော်တစ်ပါး ပလပ်စတစ်အမှိုက်များအား စုပေါင်းသန့် ရှင်းရေးများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဧရာဝတီမြစ်အတွင်း အမှိုက်စွန့်ပစ်ခြင်းအား ကာကွယ်တားဆီးရေးလှုပ်ရှားမှု Campaign သို့ တက်ရောက်လာ ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများနှင့် လူမှုရေးအသင်းအဖွဲ့များ အား နံနက်စာများ ဝေငှပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာ ရေးဒီဂရီကောလိပ်ရှိ ထမင်းစားဆောင်၌ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်အတူ အထူးနေ့လည်စာအား အတူတကွသုံးဆောင်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

20250317 06

20250317 06