မုံရွာ၊ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများသို့ အခါကြီးရက်ကြီး နေ့များနှင့် အားလပ်ရက်များတွင် မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ဘုရားဖူးပြည်သူများ စိတ် အေးချမ်းသာစွာဖြင့် ဖူးမျှော်ကြည်ညိုနှိုင်ရေးအတွက် မတ်လ ၁၉ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီး ရပ်ကွက်ရှိ သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်ကြီးရှိ ရှေးဟောင်း ရန်အောင်မြင်စေတီ တော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် စေတီတော် ပြန်လည်ပြုပြင် မွန်းမံနေမှုများနှင့် သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက် တာဝန်ရှိသူများအတူ လက်ယာရစ်တစ်ပတ် လိုက် လံကြည့်ရှုဖူးမျှော်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမိုင်းဝင်ဆု တောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဂေါပကအဖွဲ့ ဉက္ကဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံရာ ဂေါပကအဖွဲ့ ဉက္ကဌနှင့်အဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်း ပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး အလှူငွေရရှိမှု အခြေအနေများနှင့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် ဘုရားစေတီပုထိုးများ၊ကျောင်းကန်များအား အလှူ ရှင်များနှင့်ပူးပေါင်းကာ လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ လျှပ်စစ်မီး၊ရေ နှင့်ဘုရားဖူးများအဆင်ပြေစွာ ဖူးမျှော်နိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့မှုများနှင့် ပြန်လည် ပြုပြင်မွန်းမံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားပြီး သမိုင်းဝင် ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်း များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ စေတီတော်ကြီးရင်ပြင်နှင့်ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စေရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ သမိုင်းဝင် ရွှေစည်းခုံစေတီတော်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီး အားလာရောက်ဖူးမျှော်ကြမည့် ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဖူးမျှော် နိုင်ရေးအတွက် စေတီတော်ကြီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့် ရှုဖူးမျှော်ခဲ့ကြပြီး စေတီတော်ကြီး တောင်ဘက်စောင်းတန်းပြန်လည် ပြုပြင်မွန်းမံနေမှု များအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီး ရပ်ကွက်ရှိ အရှ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော်ကြီးသို့ ရောက်ရှိ ရာစေတီတော်ကြီး ပတ်ဝန်း ကျင်နှင့် အာရုံခံအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့အား လိုက်လံကြည့်ရှုဖူးမျှော်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





