မုံရွာ၊ ဧပြီ ၄
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် စစ်ကိုင်းခရိုင်/မြို့နယ် စီမံအုပ် ချုပ်ရေးအဖွဲ့ဝင်များ လိုက်ပါလျက် ဧပြီလ ၄ ရက်၊ မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့ သည့် စစ်ကိုင်းတောင်ရိုးရှိ ဘုန်းတော်ကြီးကျောင်းတိုက်များနှင့် သီလရှင်ကျောင်းတိုက် များရှိ ဆရာတော်၊သံဃာတော်များနှင့်သီလရှင်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေး အတွက် သီတဂူဆရာတော်ကြီးထံ ဆွမ်းဆန် ၅၀၀ အိတ်၊ စားသုံးဆီ ၅၀၀ ပိဿာ၊ ပဲ အိတ် ၃၀၀ တို့အား ဆက်ကပ်လှူဒါန်းခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ သီတဂူအာယုဒါနဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် စစ်ကိုင်းတောင်ရိုးရှိ ကျောင်းတိုက်ကြီးများမှ ဆရာတော် ကြီးများ၊ ဆရာတော်/သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စားသောက်ဖွယ်ရာများလိုက်လံ ဆက်ကပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းသို့ ရောက်ရှိရာ ကျောင်းခန်းမ၊ ရုံးခန်း၊ စာသင်ဆောင်များနှင့် ဝန်ထမ်းအိမ်များ ပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြိုကျပျက်စီးခဲ့သည့် အဆောက် အဦများ ပြန်လည်ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ဆ ရာများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အမှတ်(၂) အခြေခံ ပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆေက်အဦများ တာဝန်ရှိသူများနှင့်အတူ လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြပြီး အဆိုပါကျောင်းဝန်းအတွင်း ယာယီကယ်စခန်းရှိ ငလျင်ဘေး သင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားကာ ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများအတူ ထောက်ပံ့ပေးအပ်ကာ ကယ်ဆယ်ရေးပစ္စည်း များရောက်ရှိစုပုံထားရှိမှုနှင့် ယာယီဆေးခန်းဖွင့်လှစ်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ထူပါရုံ)၊ ချင်းစုရပ်ကွက်ရှိ အခြေခံပညာအလယ် တန်းကျောင်းခွဲနှင့် ဇေယျာကွက်သစ်ရှိ အခြေခံပညာအလယ်တန်းကျောင်းများသို့ သွား ရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် ကျောင်းဆောင်အဆေက်အဦ များပြိုကျပျက်စီးနေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိ သူများ နှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။






