မုံရွာ၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်များ၊ ရွှေဘိုခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဉက္ကဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့၊ မွန်းလွဲပိုင်းတွင် မန္တလေး ငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရွှေဘိုမြို့ ရွှေဘုံ ရတနာနန်းတော်အတွင်းရှိ ရှေးဟောင်းအဆောက်အဦများ ထိခိုက်ပျက်စီးခဲ့မှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင် ကြီးကြောင့် ရွှေဘိုမြို့ရှိ ရှေးဟောင်းသမိုင်းဝင် မြို့ဒေါင့်စေတီတော်မြတ်ကြီး ထိခိုက်ပျက် စီးမှုများအား လည်းကောင်း၊ ငါးမည်ငါးဘွဲ့ရ ဒုံးဘုရားစေတီတော်ကြီး ထိခိုက်ပျက်စီး မှုများအား လည်းကောင်း၊ မဟာမုနိရုပ်ရှင်တော် စေတီတော်မြတ်ကြီးနှင့် ရွှေချက်သိုစေ တီတော်မြတ်ကြီး ထိခိုက်ပျက်စီးမှုများအား လည်းကောင်း၊ နတ်ပေးကျောင်းတိုက်ရှိ သာသနိကအဆေက်အဦ ထိခိုက်ပျက်စီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန္တလေးငလျင် ကြီးကြောင့် ရွှေဘိုမြို့၊ မြို့မ ဈေးကြီး Sun Shade အမိုးများ ထိခိုက်ပျက်စီးမှုများအား ကြည့်ရှုစစ်ဆေးပြီး စေျးကြီးပတ်ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနှုတ်မြောင်းအဖုံးများ ပြန်လည်တပ်ဆင်ဆောင်ရွက်ရေးတို့အား လိုက်လံကြည့်ရှုစစ် ဆေးပြီး ဈေးရောင်း ဈေးဝယ်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး ဆိတ်ခွန်စုရပ် ကွက်ရှိ နေရဗန်းလမ်းဘေး ဝဲ/ယာရှိ ရေနှုတ်မြောင်းများ ဆယ်ယူနေမှုများအား ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

20250422 04

20250422 04

20250422 04