မုံရွာ၊ ဧပြီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ လာရောက်ဖူးမျှော်ကြမည့် ဘုရားဖူးပြည်သူများ စိတ်အေး ချမ်းသာစွာဖြင့် တရားဘာဝနာပွားများနိုင်စေရန်အတွက် ဧပြီလ ၂၆ ရက်၊ နံနက်ပိုင်းတွင် အဆိုပါစေတီတော်ကြီးရင်ပြင်နှင့် ပတ်ဝန်းကျင်အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဂေါပကအဖွဲ့ ဝင်များစုပေါင်း ၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင် ရွက်နေမှုများအား။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများမှ သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား တန်ဖိုးသင့် စားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့်ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၄၀၀ ဦး ကျော်ဖြင့် ဘုရားစေတီပုထိုးများအား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

20250428 14

20250428 14