စစ်ကိုင်း ဧပြီ ၂၈
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့်တာဝန်ရှိသူများသည် မဟာစည်းခုံကြီးစေတီတော်ဝင်းအတွင်း ငလျင်ဒဏ်သင့်ပြည်သူများစောင့်ရှောက်ရေးစခန်းရှိ ပြည်သူများအား ထောက်ပံပစ္စည်းများပေးအပ်ခဲ့သည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးနှင့်အဖွဲ့သည် ပန်းပဲတန်းရပ်ကွက်နှင့် မင်းလမ်းရပ်ကွက်ရှိ ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦများအား ရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုများကိုကြည့်ရှူစစ်ဆေးခဲ့ကြောင်း သိရသည်။
ပန်းပဲတန်းရပ်ကွက်၊ မင်းလမ်းရပ်ကွက်ရှိ ပြိုကျပျက်စီးခဲ့သည့်အဆောက်အဦများ ရှင်းလင်းရေးလုပ်ငန်းမျာဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။






