မုံရွာ၊ မေ ၈

၂၀၂၅-ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကြီးအား စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် ၂၁ မြို့နယ်ဖြေဆိုခဲ့ရာ ၂၈-၃-၂၀၂၅ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အင်အားအလွန် ပြင်းထန် သည့်မန္တလေးငလျင်ကြီးကြောင့် မန္တလေးတက္ကသိုလ်၌ အဖြေလွှာများအား စာစစ်လုပ်ငန်း များဆောင်ရွက်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှု ဖြစ်စဉ်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၃) မြို့နယ် စာစစ်ဌာန ၂၅ ခုမှ ဘာသာစုံဖြေဆိုသူ ကျောင်းသား၊ကျောင်းသူ ၈၂၀၂ ဦး၏ တက္ကသိုလ်ဝင်တန်း အဖြေ လွှာများ မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုကြမည့် ဟုမ္မလင်းမြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၁၃၇၃ ဦးကျော်အား ဟုမ္မလင်းမြို့၊ အမှတ် (၁)အခြေခံပညာအထက်တန်း ကျောင်း၌ စခန်းသွင်းသင်ကြားပေးလျက်ရှိရာ တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မေလ ၇ ရက်၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဘိုးရာဇာခန်းမတွင် ဆရာ/ဆရာမများ၊ ကျောင်သား၊ကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာ မေးပွဲ ပြန်လည်ဖြေဆိုရခြင်းနှင့် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စခန်းသွင်းသင်ကြားနေစဉ်အတွင်း ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ အတွက် ထောက်ပံ့ပေးအပ်မှု အခြေအနေအား ရှင်းလင်းပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိ သူများထံ စခန်းသွင်းသင်ကြားနေစဉ် ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၅၀၀ ကျပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ပညာရေးမှူးက ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြား သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သတ်မှတ်ကျောင်းဆောင် စာသင်ခန်း များတွင် ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ‌ကျောင်းသား၊ ကျောင်သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ ကြပြီး ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသား၊ကျောင်းသူများထံ စခန်းသွင်းသင်ကြား နေစဉ်ကာလအတွင်း စားသောက်စရိတ် ငွေကျပ်သိန်း- ၃၀၀ ကျပ်နှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာ၊ ချင်းတွင်းမြစ်ကမ်းပြိုကာကွယ်ရေး သံခြင်းအခြေပြုကျောက်စီ မြေထိန်းတမံ အလျား – ၃၀၀ ပေ ဆောင်ရွက်နေမှု လုပ်ငန်းခွင်သို့ ရောက်ရှိရာ တည် ဆောက်ရေးတာဝန်ခံမှ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင် ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီအရည် အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေးနှင့် မြစ်ကမ်းဘေးနေပြည်သူများ အနေဖြင့် ချင်းတွင်းမြစ်အတွင်း ပလပ်စတစ်အမှိုက်များ စည်ကမ်းမဲ့မစွန့်ပစ်ကြရန် တာဝန်ရှိသူများအား မှာကြားကာ သံခြင်းအခြေပြု ကျောက်စီမြေထိန်းတမံ တည် ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာရှိ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ရွှေတောင် တန်း လက်ဖက်စို၊ လက်ဖက် ခြောက်လုပ်ငန်းသို့ ရောက်ရှိရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ န၊မြို့နယ်ဦးစီးမှူးနှင့်လုပ်ငန်းရှင်မှ လက်ဖက်စို၊ လက်ဖက်ခြောက် ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ရှင်းလင်းပြသကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းပြသမှုများအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး တာဝန်ရှိသူများ နှင့်အတူ လက်ဖက်စိုက် ခင်း သုံး စက်ကိရိယာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

20250513 01

20250513 01

20250513 01

20250513 01