မုံရွာ၊ မေ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် စုပေါင်းရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၁၀ ရက်၊ မွန်းလွဲပိုင်းက မုံရွာမြို့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ နှင့်ဖနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဒုလ္လဘရဟန်းခံနှင့် မောင်ရင်လောင်းများ၏ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ်(၅၉)ဦး၊ မောင်ရင်လောင်း(၄၉)ဦး စုစုပေါင်း ၁၀၈ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များနှင့်ဇနီးများ၊ မိဘဆွေမျိုးများမှ ဆံချခြင်းမင်္ဂလာ ပြု လုပ်ပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆံချခြင်းမင်္ဂလာပြု လုပ်ပေးနေမှုများအား ကြည့်ရှုခဲ့ကြသည်။

ဆက်လက်၍ အဆိုပါခန်းမအတွင်း ဒုလ္လဘရဟန်းခံမည့်ပုဂ္ဂိုလ်(၅၉)ဦး၊ မောင်ရင် လောင်း(၄၉)ဦး စုစုပေါင်း (၁၀၈)ဦးတို့အား ရှင်သာမဏေပြုခြင်း အခမ်းအနားကို ကျင်းပ ရာအခမ်းအနားသို့ တက်ရောက်လာသူများက “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန် တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ယင်းနောက် မုံရွာမြို့၊ တော်ဝင်ဘုံစံကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒိယ ဆရာတော်ထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီခလခံယူဆောက်တည်ကြပြီး ရှင်သာမဏေပြုခြင်းကိစ္စရပ်များ ဆက်လက်‌ ဆောင်ရွက်နိုင်ပါရန် အခမ်းအနားမှူးမှ တော်ဝင်ဘုံစံကျောင်းတိုက် ဆရာတော်ထံ လျှောက်ထားလွှဲပြောင်းသည်။

ထို့နောက် ဆရာတော်နှင့် ပင့်သံဃာဆရာတော်များ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်ဧည့်ပရိသတ်များက အခမ်းအနားအား “ဗုဒ္ဓ သာသနံ စိရံ တိဌတု”သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ စုပေါင်း ရဟန်းခံရှင်ပြု မင်္ဂလာအခမ်းအနား၌ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အထွေထွေုပ်ချုပ်ရေး ဦးစီးဌာနနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မြေပဲဆီသန့် ၅၀ ကျပ်သားစီအား အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

20250513 11

20250513 11

20250513 11

20250513 11

20250513 11