စစ်ကိုင်း၊ မေ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများက မေလ (၂၁)ရက်၊ နံနက်ပိုင်း တွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် ယာယီကျောင်းဆောင်သစ်များ ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများသည် ဆင်များရှင်စေတီတော်၊ ဆုတောင်းပြည့်လေးမျက်နှာစေတီတော်၊ ဆွမ်းဦး ပုညရှင်စေတီတော်၊ ရတနာရွှေဂူရေကြည်တိုက်၊ ရွှေဟင်္သာတိုက်သစ်၊ အမှတ်(၃) အခြေခံပညာ အထက်ကျောင်းနှင့် စစ်ကိုင်းမြို့တွင်းရှိ ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အဦး များအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းရေးလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုရေးအသင်ဖွဲ့ဝင်များအား အချိုရည်ဘူးများနှင့် ရေသန့်ဘူးများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး နှင့် တာဝန်ရှိသူများသည် အခြေခံပညာအလယ်တန်းကျောင်းခွဲ(ထူပါရုံ)တွင် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနက ပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

20250521 01

20250521 01

20250521 01

20250521 01

20250521 01

20250521 01

20250521 01

20250521 01

20250521 01

20250521 01

20250521 01