မုံရွာ၊ မေ ၂၈

စစ်ကိုင်းမြို့နှင့်အနီးဝန်းကျင်ရှိကျေးရွာများမှ ငလျင်ဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မူများ စစ်ဆေးကုသခွဲစိတ်ပေးနေသည့် မလေးရှားနိုင်ငံ ဆေး ကုသမှုအဖွဲ့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံပွဲကို မေလ ၂၈ ရက်၊ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ဂုဏ်ပြုနေ့လည် စာစားပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မလေးရှားနိုင်ငံ စစ်သံမှူး၊ ဆေးကု သရေးအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင် များတက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့အနေဖြင့် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ဒဏ်ရာရရှိသူများအပါအဝင် စစ်ကိုင်းမြို့နှင့်အနီးဝန်း ကျင်ရှိကျေးရွာများမှ ပြင်ပလူနာပေါင်း ၃၆၄၃ ဦးအား စစ်ဆေးကုသကြည့်ရှုပေးခြင်းနှင့် လူနာ ၃၀၅ ဦးအား အသေးစားခွဲစိတ်မှု ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်ဆေးဝါးကုသမှု များနှင့် ဆေးဝါးထောက်ပံ့မှုများအား ရက်ပေါင်း ၃၇ ရက်ကြာ ဆေးကုသပေးခဲ့မှုအတွက် စစ်ကိုင်းမြို့ ပြည်သူများကိုယ်စား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးပင်ကျေးဇူး တင်ရှိပါကြောင်းနှင့် မလေးရှားဆေးအဖွဲ့နှင့်အတူ ပူးပေါင်း၍ ဆောင်ရွက်ပေးခဲ့သည့် စစ်ကိုင်းမြို့၊ ဆေးရုံဝန်ထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ စေလွှတ်ပေးခဲ့သည့် ဆေး ပညာရှင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မလေးရှားနိုင်ငံ စစ်သံမှူး Colonel Norulhisyam bin Md Shuib မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသ ကြီး လူမှုရေးရာဝန်ကြီးတို့က မလေးရှားနိုင်ငံ စစ်သံမှူးနှင့် ဆေးကုသရေးအဖွဲ့ခေါင်း ဆောင်များထံ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ဂုဏ်ပြုနေ့လည်စာဖြင့် တည်ခင်းဧည့်ခံကာ အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

20250529 01

20250529 01

20250529 01

20250529 01

20250529 01