မုံရွာ၊ ဇွန် ၇
သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်း အနားကို ဇွန်လ ၇ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသကြီး၊ မုံရွာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း-(အလုံ)ရှိ ကျောင်းခန်းမတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးက သွေးလွန်တုပ် ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးအပ်ရခြင်းနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးထံ ခြင်စားငါး(ဒေါင်းငါး)များအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက တိုင်းဒေသကြီး ပညာရေးမှူးထံ ခြင်စားငါး (ဒေါင်းငါး)များအား လည်းကောင်း၊ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ ခြင်စားငါး(ဒေါင်းငါး)များအား လည်းကောင်း အသီးသီး ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေး ခြင်စားငါး(ဒေါင်းငါး)များ ဖြန့်ဝေပေးခြင်း အခမ်းအနားတွင် ခြင်စားငါး(ဒေါင်းငါး)ကောင်ရေ ၁၀၀၀၀ အား ဖြန့်ဝေ ပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိရာ ဂေါပကအဖွဲ့ ဥက္ကဌ၊ အဖွဲ့ ဝင်များနှင့် တွေ့ဆုံရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဂေါပကအဖွဲ့ဝင်များအနေဖြင့် စေတနာရှင်အလှူရှင်များအားဖိတ်ခေါ်၍ စေတီတော်ကြီးအားအမြန်ဆုံး ရွှေသင်္ကန်း ကပ် လှူပူဇော်နိုင်ရေးအတွက် အလေးထားဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ လုံးတော်ပြည့်ရွှေသင်္ကန်း မကပ်လှူမီအချိန်တွင် လက်ရှိစေတီတော်ကြီး၏ ရွှေမိုက်များအား စနစ်တကျအလေအလွင့်မရှိ ကော်မတီဖွဲ့ကာ ပြန်လည်သိမ်းဆည်းသွားကြရန် လိုအပ်ပါ ကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း စေတီတော်ကြီး လုံးတော် ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် တာဝန်ရှိသူများနှင့်ပူးပေါင်း၍ လှူဒါန်းပေး သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဂေါပကအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်းပြည့် စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင် ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ပြီး စေတီတော် ကြီးအတွင်းရှိ သမိုင်းဝင်ရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းပြန်လည် ကပ်လှူပူဇော်ပြီးစီးမှုနှင့် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေ သင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက် စေတီတော်ကြီးတစ်ပတ် လှည့်လည်ကြည့်ရှုဖူး မျှော်ခဲ့ကြောင်း သိရသည်။



