မုံရွာ၊ ဇွန် ၆

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ဇွန်လ ၆ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုး ရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္က သိုလ်(မုံရွာ) ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီး အတွင်း e-Government ဝန်ဆောင်မှုများအား ခေတ်မီစေရန်နှင့် တိုင်းဒေသကြီးအတွင်း ရှိသည့် ပြည်သူ့ကဏ္ဍ၏ စွမ်းဆောင်ရည်အား မြှင့်တင်ရန်အရေးပါသည့် ပညာရေးအစီ အစဉ်အား အောင်မြင်ပြီးဆုံးအောင်တက်ရောက်ခဲ့သည့် သင်တန်းသား/သင်တန်းသူများ အားလုံး ပင်ပန်းမှုတိုင်းကို ဇွဲနှင့်ကျော်လွှားနိုင်ခဲ့သည့်အတွက် ပထမဦးစွာ ချီးကျူးဂုဏ်ပြု လိုပါကြောင်း၊ ယခုသင်တန်းသည် တိုင်းဒေသကြီး၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး လမ်းကြောင်းပေါ်တွင် အရှိန်အဟုန်မြှင့်စေရန် စွမ်းဆောင်ရည်ပြည့်ဝသည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ သင်တန်းသား /သင်တန်းသူများအနေဖြင့် မိမိတို့သင်ယူခဲ့သည့် ပညာရပ်များအား လက်တွေ့ဘဝတွင် အသုံးချသွားကြရန်လိုအပ်ပြီး မိမိအဖွဲ့အစည်းအတွင်း အသိပညာမျှ ဝေခြင်းဖြင့် ဒစ်ဂျစ်တယ်စွမ်းရည်များ ပြန့်ပွားလာအောင် ဆောင်ရွက်ပေးသွားကြရန်နှင့် နည်းပညာသည် နေ့စဉ်ပြောင်းလဲနေသဖြင့် သင်ယူမှုအားရပ်တန့်ခြင်းမပြုပဲ မိမိကိုယ်ကို အမြဲ Update လုပ်နေကြရန် လိုအပ်ကြောင်းနှင့် တိုင်းဒေသကြီး၏ e-Government စနစ်အားအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်နိုင်ရန် အားလုံးအတူတကွ ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာ တက္ကသိုလ် (မုံရွာ) ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးခိုင်ထံ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ပြီး သင်တန်းတွင် ထူးချွန်ဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား ဂုဏ်ပြုချီးမြှင့် ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်က e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းအကြောင်းအရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက သင်တန်းနည်းပြနှင့် လ/ထနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာအား လည်းကောင်း၊ တိုင်းဒေသကြီး လမ်း ပန်းဆက်သွယ်ရေးဝန်ကြီးက သင်တန်း သား/သင်တန်းသူများအား သင်တန်းဆင်းလက် မှတ်များအား လည်းကောင်း ပေးအပ်ခဲ့ကြပြီး သင်တန်းသား/သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားသည်။

ဆက်လက်ပြီ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းနည်းပြ များ၊ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ တိုင်းဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

20250609 01

20250609 01

20250609 01

20250609 01

20250609 01