မုံရွာ၊ ဇွန် ၃၀

မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာ အဖြစ်သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ဇွန်လ ၃၀ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နှစ်(၇၀၀)ပြည်သူ့အားကစားကွင်း အတွင်းရှိ အားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာအီလက်ထရောနစ်မဲ ပေးစက် MEVM အသုံးပြု၍ မဲပေးခြင်းဖြင့် ပယ်မဲဖြစ်ပေါ်မှုမရှိခြင်း၊ မဲရေတွက်ရာတွင် အချိန်ကြန့်ကြာမှုများနှင့် ကိန်းဂဏန်းလွဲမှားမှုများအား ကျော်လွှားပြီး အချိန်တိုအတွင်း တိကျမှန်ကန်သည့်ရလဒ်များ ထုတ်ဆောင်ရွက်နိုင်မည်ဖြစ်ပါ၍ အငြင်းပွားဖွယ်ဖြစ်ရပ် များ မဲမသမာမှုများမရှိနိုင်တော့ဘဲ ပိုမိုပွင့်လင်းမြင်သာသည့် တရားမျှတပြီး သိက္ခာရှိ သည့် ရွေးကောက်ပွဲတစ်ရပ် ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် (စစ်ကိုင်းတိုင်းဒေသ ကြီးတာဝန်ခံ)ဦးမြင့်သိန်းက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပသွား မည့်အခြေအနေများအား လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးက MEVM စက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အခမ်းအနား သို့တက်ရောက်လာသူများ၏ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်း သပ်မဲနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250702 11

20250702 11