မုံရွာ၊ ဇူလိူင် ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိ သူများသည် ဇူလိူင်လ ၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မဟာစည်းခုံကြီး စေတီတော် မြတ်ကြီးဝန်းအတွင်းရှိ ငလျင်ဘေးသင့် ပြည်သူများအား ယာယီ Modular House များ ဖြင့်နေထိုင်နေမှုများ သွားရောက်ကြည့်ရှုအားပေးစကားများ ပြောကြားခဲ့ကြပြီး လိုအပ် သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဟာစည်းခုံ ကြီး သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တာဝန်ရှိသူများ သည် ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရွှေစေတီဘာသန္တရသင် တန်းကျောင်းတိုက်ကြီး ရှင်းလင်းဖယ်ရှားနေမှုများအား သွားရောက်ကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ အဆင့်မြှင့်တင်ခြင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ မြို့တော်ခန်းမ အဆင့်မြှင့်တင်တည်ဆောက်နေမှု များအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် စစ်ကိုင်းမြို့၊ ဧရာဝတီမြစ် ကမ်းနားလမ်းရွေ့လျားသွားသည့်နေရာတွင် ကျောက်စာတိုင်ဖြင့် Land Mark ဖော်ပြချက်ဆိုင်းဘုတ်စိုက်ထူမည့် နေရာသို့သွားရောက် ကြည့်ရှုခဲ့ကြပြီး မြစ်ကမ်းနားတစ်လျှောက် အမြဲသန့်ရှင်းသာယာလှပရေးအတွက် တာဝန် ရှိသူများအနေဖြင့် အလေးထားဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင်/မြို့နယ် လမ်းဦးစီးဌာနရုံး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး ဝန်ထမ်းအိမ်ရာနှင့် မြို့နယ် တရားရုံး၊ ခရိုင်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊ ခရိုင်သစ်တောဦးစီးဌာန ရုံးများသွားရောက်၍ ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ရုံးအဆောက်အဦ များနှင့် ဝန်ထမ်းနေအိမ်များ ထိခိုက်ပျက်စီးမှု၊ ပြန်လည်ပြုပြင်နေမှုများနှင့် ဝန်ထမ်းများ အား Modular House နှင့် ယာယီအဆောက်အဦများဖြင့် နေထိုင်လုပ်ကိုင်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ် ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံ ပြန် လည်ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20250703 01

20250703 01

20250703 01

20250703 01

20250703 01