စစ်ကိုင်း၊ ဇူလိုင် ၁၇
စစ်ကိုင်းမြို့နယ်တွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ဇူလိုင်လ ၁၆ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့နှစ်(၇၀၀) အားကစားကွင်း၊ စည်းခုံကြီးဘုရား၊ မြို့ပြနှင့်အိမ်ယာဝင်းတို့တွင် သုံးနေရာခွဲ၍ ဌာနဆိုင်ရာအဖွဲ့များမှ ထောက်ပံ့ငွေများကို ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
စစ်ကိုင်းမြို့နယ်တွင်ငလျင်ဒဏ်ကြောင့်ပြည်သူများ ၏ နေအိမ် စုစုပေါင်း (၁၇၈၀)အိမ် ပျက်စီးဆုံးရှုံးခဲ့ပြီး အဆိုပါပျက်စီးဆုံးရှုံးခဲ့သည့်နေအိမ်များအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီမှ ငွေကျပ်(၆၃၅၉.၂၉၇၃ ) သန်းကို ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
အဆိုပါ ငလျင်ဘေးဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ် နေမှုများအား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု့ခဲ့ကြကြောင်းသိရသည်။








