မုံရွာ၊ ဇူလိုင် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အား စိမ်းလန်းစိုပြည်စေရေး၊ သာယာလှပရေး၊ ရာသီဥတုပြုပြင်ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များ လျော့ပါးစေရေး၊ မိုးခေါင်ရေ ရှားပါးမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်စေရေးတို့အတွက် မုံရွာမြို့၊ မြို့သစ်ရပ်ကွက် မင်္ဂလာလမ်းအရှည် ၆၀၀၀ ပေရှိ လမ်းဘေးဝဲယာ၌ ၂၀၂၅-ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့၊ နံနက်ပိုင်း တွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ များ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ခရေပျိုးပင်အား လည်းကောင်း၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ က သတ်မှတ်နေရာများတွင် အရိပ်ရပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက် ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုး ပွဲတော်သို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်များနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးနေမှုများအား လိုက်လံ ကြည့်ရှုခဲ့ကြ သည်။
အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် မင်္ဂလာလမ်းအရှည် ၆၀၀၀ ပေရှိ လမ်းဘေးဝဲ ယာ၌ ၂ ပေနှင့်အထက် ၂ နှစ်သား အရွယ်ရှိ သစ်မျိုး ၇ မျိုး၊ စုစုပေါင်းပျိုးပင်ပေါင်း ၁၂၀၀ ပင်အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။






