မုံရွာ၊ ဩဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၅ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ နှင့်တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တွေ့ဆုံပွဲသို့ တက်ရောက်လာ ကြသည့် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများအနေဖြင့် မိမိတို့ကျောင်းများအား ဥပဓိရုပ်ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်မှုရှိစေရေးတို့ အတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ စစ်ကိုင်း ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ ရာနှုန်းပြည့်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု တိုးတက်မြင့်မားလာစေရေးနှင့် အောင်ချက်ရာခိုင်နှုန်း မြင့်မားလာစေရေးတို့အတွက် မိမိတို့ဆောင်ရွက်နေသည့် စီမံ/အုပ်ချုပ်ရေးဆိုင်ရာများနှင့် သင်ကြားရေးဆိုင်ရာများအပေါ် အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း သင်ကြားရေးဆိုင်ရာများနှင့် သင် ထောက်ကူပစ္စည်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ သည်။
ယင်းနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စစ်ကိုင်းခရိုင်၊ အုပ်ချုပ်ရေးမှူးက စစ်ကိုင်းခရိုင်အတွင်း အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှု အခြေအနေများအား ရှင်း လင်းတင်ပြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့နယ် ပညာရေးမှူးနှင့် စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းအုပ်ကြီးများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အခြေခံပညာ ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုနှင့် ယာယီကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးမှု၊ ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံမှု၊ သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ကျောင်းဆောင်အဆောက်အဦများ ကြံ့ခိုင်မှုနှင့် ကျောင်းသုံးပရိဘောဂ ပစ္စည်းအသုံးပြုမှု အခြေအနေများနှင့် ပြည့်စုံလုံလောက်မှု၊ ကျောင်းပတ်ဝန်းကျင် သန့် ရှင်းသပ်ရပ်မှုရှိစေရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြအနေများအား ရှင်းလင်းတင် ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ပညာရေးမှူးနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းရှိ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ ယာယီကျောင်းဆောင် ၄ ဆောင် ဆောက်
လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်နေမှုများ၊ အခြေခံပညာမူလတန်းကျောင်းရှိ အမှတ်(၁) အလျား- ၉၀ ပေ၊ အနံ- ၃၀ ပေ၊ ယာယီကျောင်းဆောင် ၂ ဆောင်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး ဆရာ/ဆရာမများအား ရင်းရင်းနှီးနီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းရှိ အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ ယာယီကျောင်းဆောင် ၄ ဆောင် ဆောက် လုပ်ပြီးစီးမှုနှင့် ဆောက်လုပ်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ် မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (ထူပါရုံ)၌ ကြံ့နှစ်ကောင်ဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် အလျား – ၁၂၀ ပေ၊ အနံ – ၃၀ ပေ၊ RC ၁ ထပ် ကျောင်းဆောင် အဆောက်အဦသစ် တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။



