မုံရွာ၊ ဩဂုတ် ၇
မုံရွာမြို့၌ အိမ်ခြံဝန်းဥယျာဉ်ခြံ (Home Garden) စိုက်ပျိုးရမည့် နည်းစနစ်များနှင့်လိုက်နာဆောင်ရွက်သင့်သည့် အချက်များ ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ အောင်သလ္လာခန်းမတွင် ကျင်းပရာ မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စိုက်ပျိlရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် စိုက်ပညာရှင်ဝန်ထမ်းများ တက်ရောက်ခဲ့သည်။
ဦးစွာ အိမ်ခြံဝန်းဥယျာဉ်ခြံ (Home Garden) စိုက်ပျိုးရမည့် နည်းစနစ်များနှင့်လိုက်နာဆောင်ရွက်သင့်သည့် အချက်များ Video clip ပြသမှုအား ကြည့်ရှုအားပေးပြီး မုံရွာခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူးဒေါ်စန်းစန်းမြင့်က အိမ်ခြံဝန်းဥယျာဉ်ခြံ (Home Garden) စိုက်ပျိုးရမည့် နည်းစနစ်များနှင့် လိုက်နာဆောင် ရွက်သင့်သည့် အချက်များအား ပရိုဂျက်တာ အသေးစိတ်ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော တာဝန်ရှိသူ များနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက မုံရွာခရိုင်စိုက်ပျိုးရေးဦးစီးမှူးရုံး (Home Garden)နှင့် မုံရွာခရိုင်ဦးစီးမှူးရုံး၏ ဝန်ထမ်းအိမ်ရာများတွင်အိမ်ခြံဝန်းဥယျာဉ်ခြံ (Home Garden) စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းလေ့လာကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။






