စစ်ကိုင်း၊ သြဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီးအား ထုံးသင်္ကန်းပြန်လည်ကပ်လှူပူဇော်နိုင်ရး၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များ ပြန်လည်တင်လှူပူဇော် နိုင်ရေးအတွက်လုပ်ငန်းများဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေ သည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံကာ လိုအပ်သည်များ ကိုပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဆွမ်းဦးပုညရှင်စေတီတော်နှင့် သာသနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံနေမှုနှင့် ငလျင်လှုပ်ခတ်မှုကြောင့်ပြိုကျပျက်စီးခဲ့သည့်မဟာစေတီလှဘုရာကြီး အသစ်ပြန်လည် တည်ထားကိုးကွယ်နိုင်ရန်အတွက် လုပ်ငန်းများဆောင်ရွက်နေမှုအားလှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့် တွေ့ဆုံ၍ လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်ပြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် -၂၀၂၅သို့ တက်ရောက်မည့်လူငယ်များနှင့် တွေ့ဆုံ၍ လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ရွှေမင်ဝံစျေး၊ စျေးဆိုင်ခန်းသစ်များ ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။










