မုံရွာ၊ စက်တင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာ လ ၁၁ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်လုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင် ဘေးသင့်ပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ငလျင်ဘေးဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်အတွင်းရှိ မိဘပြည်သူများ၊ ရဟန်းသံဃာများ၊ သီလရှင်ဆရာကြီး၊ဆရာလေး များဆင်းရဲဒုက္ခများကို ခံစားခဲ့ရပြီး လူနေအိမ်တိုက်တာများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ ဘာသာရေးအဆောက် အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများ ပြိုကျပျက်စီးခဲ့ရပြီး မြန်မာ့သမိုင်းတွင် ဝမ်းနည်းကြေကွဲစရာကောင်းသည့် နေ့တစ်နေ့အဖြစ် ရင်ဆိုင်ကြုံ တွေ့ခဲ့ရပါကြောင်း၊ မိမိတို့အနေဖြင့်လည်း မိဘပြည်သူများနှင့်အတူ ထပ်တူဝမ်းနည်း ကြေကွဲခံစားရပါကြောင်း၊ ငလျင်ဘေးဒဏ်သင့် ပြည်သူများ ရင်းဆိုင်ကြုံတွေ့နေရသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် အခက်အခဲများကိုလည်း နိုင်ငံတော်နှင့်မိမိတို့တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း အစွမ်းကုန်အတက်နိုင်ဆုံး ဖြည်း ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စစ်ကိုင်းမြို့နယ်အတွင်းရှိ ငလျင်ဘေး သင့်ပြည်သူ ၂၁၂၅၀ ဦး၊ ဝန်ထမ်းနှင့် မှီခို ၆၀၀၇ ဦး၊ စုစုပေါင်း ၂၇၂၅၇ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁,၃၀၈,၃၃၆,၀၀၀ (သိန်းပေါင်း တစ်သောင်းသုံးထောင်)ကျော်အား စစ်ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌထံ လွှဲပြောင်းပေးအပ် သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက် ၇ ခုမှ အိမ်ထောင်စု ၇၆၃ စု၊ လူဦးရေ ၃၅၈၉ ဦးတို့အတွက် ဆန်ရိက္ခာများခွဲဝေ ထောက်ပံ့ပေးနေမှုများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ရပ်ကွက်ရှိ တစ်ရက်လျှင် ဆီပိဿ ၅၀၀ ကျော် ကြိတ်ခွဲထုတ်လုပ်နေသည့် ရွှေတိုးအောင် ဆီစက်သို့ ရောက်ရှိရာ ဆီစက်လုပ်ငန်းရှင်မှ စက်ရုံအတွင်း မြေပဲဆီများကြိတ်ခွဲထုတ် လုပ်နေမှုလုပ်ငန်းများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက် လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပတ္တမြားရပ် ကွက်ရှိ စစ်ကိုင်းပညာရေးတက္ကသိုလ်၌ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ /ဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများ စားသောက်နေထိုင်မှုများ အဆင်ပြေစေရန်အတွက် ဖွင့်လှစ်ထားရှိသည့် Every Day လူသုံးကုန်နှင့်စားသောက် ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ရေးဆိုင်သို့ ရောက်ရှိရာ ဆိုင်တာဝန်ခံမှ ဈေးဆိုင်အတွင်း လူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများကို ပညာရေးဝန်ထမ်း၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ ဈေးနှုန်းသက်သာမှန်ကန်စွာဖြင့် လွယ်ကူစွာဝယ်ယူစား သောက်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင် ရွက်ပေး ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါဈေးဆိုင် ဝန်းအတွင်းရှိ Every Day သောက်ရေသန့်စက်ရုံ၊ ကောက်ရိုးမှိုစိုက်ပျိုးနေမှုများနှင့် ခေါက် ဆွဲခြောက်များထုတ်လုပ်နေမှု လုပ်ငန်းများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စစ်ကိုင်းပညာရေးတက္ကသိုလ်ရှိ ဝန်ထမ်းများ၊ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ စားသောက်နေမှု အဆင်ပြေစေရန်အတွက် သောက်ရေ သန့်နှင့် စားသောက်ကုန်ပစ္စည်းများကို သန့်ရှင်းမှုရှိစေရေးနှင့် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။




