မုံရွာ၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်း အမြစ် အရည် အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ လ ၂၁ ရက်၊ နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ် (မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြု လုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည် ဖော်ရေးလုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူ တာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်း သား၊သင်တန်းသူ များ တက်ရောက်ကြသည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်း ဒေသကြီး၏ လုပ်ငန်းဆောင်တာများအား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရန် ဦးတည်သည့်ခရီးစဉ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုအဆင့် မြင့်မားလာစေမည့် အစီအစဉ်ဖြစ်သည့် ဉာဏ်ရည် ဉာဏ်သွေးမြှင့်တင်ပေးခြင်းနှင့် လေ့ကျင့်သင်ကြားပေးခြင်း လုပ်ငန်း စဉ်အား စဉ်ဆက် မပြတ်ဆောင်ရွက်သွားနိုင်ရန်အတွက် ယခုသင်တန်းအား ဖွင့်လှစ်ပေးရခြင်း ဖြစ်ပါ ကြောင်း၊ သင်တန်းသား/သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချပေးသွား
မည့်သင်ခန်းစာများအား အပတ်တကုတ် ကြိုးစားလေ့လာသွားကြရန်နှင့် မိမိတို့၏ကြိုး စားအားထုတ်မှုဖြင့် တိုင်းဒေသကြီး၏ e-Government စနစ်အား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကွန်ပျူတာတက္ကသိုလ် (မုံရွာ)မှ ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးခိုင်ထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းအားပေးအပ်ချီးမြှင့်သည်။
ဆက်လက်ပြီး ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်က e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ် သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ပျူတာ တက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ သင်တန်း သား၊သင်တန်းသူများ နှင့်စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ သင်တန်းသား/သင်တန်းသူများအား ရင်း ရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေး သင်တန်းသို့ တိုင်းဒသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအသီးသီးမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင်တန်းကာလ ရက်သတ္တပတ် ၅ ပတ် ကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်သည့် နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်မှ သတင်းထုတ်ပြန်ဖိတ်ခေါ်လျက်ရှိ သဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၊ နယ်မြေများအတွင်း အကြမ်းဖက်သင် တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော ဥပဒေဘောင်အတွင်း ဝင် ရောက်လာသည့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံပြီး ၎င်းတို့၏ မိဘအုပ်ထိန်း သူများထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆုံးမဩဝါဒစကား ပြောကြားပြီးနောက် တိုင်းမှူးက နယ်မြေဒေသတည်ငြိမ်းအေးချမ်းရေး၊ တရားဥပဒေဆိုင်ရာ ပုဒ်မများနှင့် အသိ ပညာပေးစကားများကိုရှင်းလင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူ မြို့နယ်၊ မုံရွာမြို့နယ်၊ ဝန်းသိုမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့်ကန့်ဘလူမြို့နယ်တို့မှ PDF အမည်ခံအကြမ်းဖက်အဖွဲ့ဝင် အမျိုးသား(၁၈)ဦးနှင့် အမျိုးသမီး(၃)ဦး၊ စုစုပေါင်း (၂၁)ဦး တို့အား အလင်းဝင်ရောက်လာသူတစ်ဦးလျှင် ဆုကြေးငွေ သိန်း(၂၀)ကျပ်စီဖြင့် စုစုပေါင်း ငွေ သိန်း(၄၂၀)ကျပ်နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ အလင်းဝင်ရောက်လာသူ များက အသီးသီးလက်ခံရယူကြသည်။
ထို့နောက် အလင်းဝင်ရောက်လာသူများ၊ မိဘဆွေမျိုးများနှင့် အခမ်းအနား တက် ရောက်လာသူများအား စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကာ အလင်းဝင်ရောက်လသူများကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။




