ခန္တီး အောက်တိုဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းနှင့် ခန္တီးခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ တွေ့ဆုံပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက မိမိတို့ဒေသဖွံ့ဖြိုး တက်ရေးအတွက် ဌာနဆိုင်ရာကဏ္ဍများအလိုက် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လမ်းတံတားများပြုပြင်ဆောင်ရွက်လျက်ရှိရာတွင် အရည်အသွေးပြည့်မီပြီး ရေရှည်အသုံးပြုနိုင်ရေး အတွက် အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတို့ဒေသရှိကျောင်းများတွင် ဆရာ/မ လုံလောက်မှုမရှိသည်များတွေ့မြင်နေရ၍ ဆရာ/မအင်အားဖြည့်တင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကျေးရွာများရှိ ဆေးခန်းများတွင်လည်း ကျန်းမာရေးဝန်ထမ်းများ ဖြည့်တင်းဆောင်ရွက်ရန်လိုအပ် ကြောင်း၊ မိမိတို့ဒေသတွင် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေသည်များကို ကာကွယ်ထိန်း သိမ်းစောင့်ရှောက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ဇော်ထက်က ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက် ၍လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်‌ရေး ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ လည်းကောင်း တင်ပြဆွေးနွေးခဲ့သည်။

ဆက်လက်၍ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းလှိုင်ငြိမ်းက နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ စုစုပေါင်း (၇၄)ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

20251027 06

20251027 06

20251027 06

20251027 06

20251027 06

20251027 06

20251027 06

20251027 06

20251027 06