မုံရွာ၊ နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာလ ၂၁ ရက်၊ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပြည်သူများ၏လူမှုစီးပွားဘဝနှင့် နယ်မြေဒေသဖွံ့ဖြိုးတိုး တက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူမြန်ဆန်စွာသယ်ယူပို့ဆောင်နိုင်ရေးနှင့် ပညာ ရေး၊ ကျန်းမာရေး၊စီးပွား ရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ နိုင်ငံတော်မှ ဟုမ္မလင်း မြို့နယ်၊ ထမံသီကျေးရွာအနီး တည်ဆောက်လျက်ရှိသည့် ချင်းတွင်းတံတား (ထမံသီ) တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ချင်းတွင်းတံတား (ထမံသီ) တံတားကြီး ချဉ်းကပ်လမ်းများ ဆောင်ရွက်ပြီးစီးမှု၊ ချဉ်းကပ်လမ်းပခုံးများ ကြံ့ခိုင်မှုရှိစေရေး ဆောင်ရွက်နေမှု၊ တံတားသစ်ကြီးအပေါ်ရှိ ကတ္တရာထပ်ပိုးလွှာခင်းကျင်းနေမှု၊ တံတားလက်ရမ်း များတပ်ဆင်နေမှုများနှင့် တံတားကြီးတည်ဆောက်ပြီးစီးမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ချင်းတွင်းတံတား(ထမံသီ) စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၂) တာဝန်ရှိသူများက ချင်းတွင်း မြစ်ကူးတံတား(ထမံသီ) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများအား လည်း ကောင်း၊ တိုင်းဒေသကြီးနှင့်ခရိုင် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက တံတားကြီး၏ ပင်းမာဘက်ခြမ်းနှင့် ထမံသီဘက်ခြမ်းတို့ရှိ ချဉ်းကပ်လမ်းများ ကွန်ကရစ်ခင်းခြင်း၊ လမ်းဘေးဝဲယာ ရေမြောင်းဆောင်ရွက်ခြင်းနှင့် အရိပ်ရသစ်ပင်ကြီးများစိုက်ပျိုးမည့် အခြေ အနေများအား လည်း ကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကချင်းတွင်းမြစ်ကူး(ထမံသီ) တံတားကြီးနှင့်ချဉ်းကပ် လမ်း ဆောင်ရွက်ပြီးစီးမှုနှင့် တံတားကြီး၏ ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)သည် ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့-ပန်ဆပ် -ဆွမ္မရာမြို့လမ်းပေါ်တွင် ချင်းတွင်းမြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး တံတား အရှည် – ၈၀၁ မီတာ၊ အကျယ် – ၉.၄ မီတာ၊ တံတားအခန်းပေါင်း – ၁၅ ခန်း ၊ ရေလမ်းကင်းလွတ် အမြင့် ၄၀ ပေ(HFL)ဖြင့် တည်ဆောက်ခဲ့သည်။
အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၀ ရက်၊ ညနေပိုင်းတွင် ဟုမ္မလင်းမြို့နယ်၊ နားသကျိုက်ကျေးရွာအနီးရှိ နမ့်ပငချောင်းပေါ်တွင် တည် ဆောက်လျက်ရှိသည့် “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်း ခွင်သို့ ရောက်ရှိရာ ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ အမှတ်-၂ တည်ဆောက်ရေးတာဝန်ခံမှ “နမ့်ပင” အသေးစားရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေ အနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြ သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချီန်စံ ညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်ပြီးစီးရေး၊ ဒေသခံပြည်သူများလိုအပ် သည့် လျှပ်စစ်မီးအမြန်ရရှိရန်အတွက် ယခုဆောင်ရွက်သည့်ရေအားလျှပ်စီမံကိန်းအား အမြန်ပြီးစီးအောင် ကြိုပမ်းဆောင်ရွက်ရေး၊ တည်ဆောက်လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်သို့ အချိန်မီ ရောက်ရှိရေး၊ ရရှိထားသည့်ဘဏ္ဍာငွေများ အလေအလွင့်မရှိအောင် သုံးစွဲသွားရေးတို့အား တာဝန်ရှိသူများအား မှာကြားကာ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိ သူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် “နမ့်ပင” အသေးစား ရေအားလျှပ်စစ်စီမံကိန်း ဖိအားမြင့်သံမဏိပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နေမှုနှင့် ရေယူအဆောက် အဦ တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင်တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။



