မုံရွာ၊ နိုဝင်ဘာ ၂၃

မြစ်ချောင်းများအတွင်း ငါးသယံဇာတပေါများစေရေးနှင့် ပြည်သူများငါးစားသုံးမှုဖူလုံစေရန်အတွက် နိုဝင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ချင်းတွင်းမြစ်အတွင်း ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ဟုမ္မလင်းမြို့တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး /ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ကော်မတီ ဥက္ကဌများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစေင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့နေပြည်သူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားများနှင့် မြို့နေပြည်သူများက ချင်းတွင်းမြစ်အတွင်း ငါးမြစ်ချင်းကောင်ရေ (၄၀၀၀၀)၊ ထိုင်းငါးခုံး မကြီး ကောင်ရေ – (၇၀၀၀) နှင့် ငါးကြင်းကောင်ရေ – ၃၀၀၀ စုစုပေါင်း ငါးသားပေါက် ကောင်ရေ – (၅၀၀၀၀)တို့အား တစ်ပျော်တစ်ပါး စိုက်ထည့်ပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ခေါင်ခမ်းကျေးရွာရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းဆောင် ရွက်နေသည့် ဦးဆူးပေါ့၊ အသားတိုးကြက် ကောင်ရေ – ၇၀၀ မွေးမြူထားရှိမှုအား သွား ရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့ နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ ရောက်ရှိရာ ၂၀၂၅-ခုနှစ်၊ ပါတီစုံအထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ ရုံးလုပ်ငန်း များဆောင်ရွက်နေမှုအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယအကြိမ် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းများကပ်ထား ကြေညာထားရှိမှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှု နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး မဲစာရင်းလာရောက်ကြည့်ရှုသူများ အား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ချင်း တွင်းဥရုရှမ်းနီလူငယ် ပါရမီစာကြည့်တိုက်သို့ ရောက်ရှိရာ သုတ/ရသစာအုပ်စာစောင်များ စနစ်တကျထားရှိမှုအား လိုက်လံကြည့်ရှုခဲ့ကြပြီး စာကြည့်တိုက်အတွက် ငွေကျပ် သိန်း (၂၀၀)အား ပေးအပ်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ ကုတင် ၁၀၀ ဆံ့၊ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ဆေးရုံအုပ် ကြီးထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟုမ္မလင်းမြို့၊ သာသနာ့ဇောတိကမြိုုမကျောင်းသို့ ရောက်ရှိရာ ဆရာတော်ကြီးထံ လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် ဆွမ်းဆန်၊ဆီ၊ဆား၊ပဲများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်း သိရသည်။

20251125 11

20251125 11

20251125 11

20251125 11

20251125 11