မုံရွာ၊ နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သည် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ နှင့်အတူ နိုဝင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မမြို့ဖများ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ လေရှီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးဝင်းမောင်က ဒေသဆိုင်ရာ အချက်အလက်များနှင့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များဆောင်ရွက်နေမှုအခြေ အနေများနှင့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပသွားမည့် အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌနှင့် လေရှီးမြို့ရှိ မြို့မိမြို့ ဖများနှင့် နာဂစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင်များမှ လေရှီးမြို့၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်ပေးလိုမှုလုပ်ငန်း အခြေအနေများနှင့် ၂၀၂၆-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူး ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းများကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့တာဝန်ယူဆောင်ရွက်နေ သည့် ဌာနလုပ်ငန်းများအလိုက် နာဂဒေသအား ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးနေမှု လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်း ရေးမှူးတို့က မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များနှင့် နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များထံ ငွေကျပ် ၁၀ သိန်းစီတို့အား အသီးသီးပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ဒေသခံတောင်သူ များထံ မိုးစပါးဆင်းဧကရီ(၃)၊ အောင်နိုင်တိုးမျိုးစပါးများ၊ အစေ့ထုတ်ပြောင်းမျိုးစေ့များ၊ နေကြာရေဆင်းစပ်မျိုး(၁)နှင့် ဆေးဖျန်းပုံးများအား ပေးအပ်ခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က နာဂဒေသအနေဖြင့် မိမိတို့ ဒေသတည်ငြိမ်အေးချမ်းမှသာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင် မည်ဖြစ်ပြီး လူနေမှုဘဝအဆင့်အတန်းများမြင့်မားလာမည် ဖြစ်ပါကြောင်း၊ တာဝန်ရှိသူ များအနေဖြင့် မိမိဒေသအတွင်းရှိ ပြည်သူများ စားရေရိက္ခာဖူလုံပြည့်ဝအောင် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့်လည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းအပြင် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးသွားကြရန် လိုအပ်ပါကြောင်း၊ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် အဓိက သီးနှံများ အထွက်နှုန်းတိုးရေးကို ကြိုးပမ်းဆောင်ရွက်သွာရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင် ရာဝန်ထမ်းများအနေဖြင့် မိမိတို့၏တာဝန်ကျေပွန်ရန်နှင့် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင် ရွက်ရာတွင် စေတနာထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ် ရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် MSMEs လုပ်ငန်းများ အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၂၀၂၆-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် စည် ကားသိုက်မြိုက်အောင် ကျင်းပရေးသွားရေးအား ဒေသခံတိုင်းရင်းသားများနှင့်ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မကြာမီကျင်းမည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲ အောင်မြင်အောင် ကျင်းပရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် အလေး ထားကာ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း မှာကြားကာ မြို့မိမြို့ဖများ၏ ဆွေးနွေးတင်ပြ ချက်များအပေါ် လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ဒေသခံတိုင်းရင်းသားများနှင့် ဌာနဆိုင်ရာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် လေရှီးမြို့၌ ၂၀၂၆-ခုနှစ်၊ နာဂရိုးရာနှစ်သစ်ကူးပွဲတော် ကျင်းပမည့် မုဒ်ဦး၊ ဒေသထွက်ကုန်များနှင့် ရိုး ရာပြခန်း၊ ဌာနဆိုင်ရာပြခန်းများ၊ စတိတ်စင်၊ ဗဟိုမဏ္ဍပ်၊ နာဂရိုးရာယဉ်ကျေးမှုပြတိုက် နှင့်ပွဲကြည့်စင် တည်ဆောက်နေမှုများ၊ မီးပုံပွဲကျင်းပမည့်နေရာများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေး ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ မြို့ တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ရှိ ဒေသ ခံတိုင်းရင်းသားများနှင့်ပြည်သူများ ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကြီးတွင် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် MEVM မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးနိုင်ရန်အတွက် စမ်းသပ်သရုပ်ပြ ဆန္ဒမဲပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး မဲရုံမှူး နှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လေရှီးမြို့၊ အမှု ထမ်းရပ်ကွက်ရှိ မဲရုံအမှတ်(၁)တွင် ဒုတိယအကြိမ် မဲစာရင်းများကပ်ထားကြေညာထားရှိ မှုအား ဒေသခံတိုင်းရင်းများနှင့်ပြည်သူများ မဲစာရင်းလာရောက်ကြည့်ရှုနေမှုများအား သွား ရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

20251125 05

20251125 05

20251125 05

20251125 05

20251125 05