မုံရွာ၊ ဒီဇင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၅ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်း ကျင်းပပြုပ်လုပ်လျက်ရှိသည့် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရား သူကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများက အမျိုးသား/အမျိုးသမီး မီတာ – ၈၀၀၊ မီတာ – ၄၀၀ ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုး သား/အမျိုးသမီး အလျားခုန် ဗိုလ်လုပွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း အမျိုးသား/ အမျိုးသမီး သံလုံးပစ် ဗိုလ်လုပွဲပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများအား လည်းကောင်း၊ ထုပ်စီးတိုး ဗိုလ်လုပွဲပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအားလည်းကောင်း၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများအတူ တစ်ပျော်တစ်ပါး ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အားကစားပြိုင်ပွဲ များသို့ လာရောက်အားပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ကျောင်းသူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ ဆူးလေကုန်းရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ် လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းဝန်းအတွင်းရှိ မဲရုံအမှတ်(၁) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ အမှတ် (၇)အခြေခံပညာအထက်တန်းဝန်းအတွင်းရှိ အောင်မင်္ဂလာရပ်ကွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ အားလိုက်လံကြည်ရှုခဲ့ကြပြီး မဲရုံမှူး၊ ဒုတိယမဲရုံများနှင့်အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251230 08

20251230 08

20251230 08

20251230 08

20251230 08

20251230 08