မုံရွာ၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာန ဆိုင်ရာဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား/ သူများ ချစ်ကြည်ရင်းနှီးမှုများ ရရှိနိုင်စေရန်အတွက် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာန ပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ မီနီမာရသွန်အပြေးပြိုင်ပွဲကို ဒီဇင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ မီနီမာရသွန်အပြေးပြိုင်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီး များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ၊ မြို့နေပြည် သူများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ အဆိုပါမုခ်ဦးရှေ့တွင် အမျိုးသား၊အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲအား တာ ထွက်အချက်ပြအလံဝှေ့ရမ်းကာ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ အမျိုးသမီး မီနီမာရသွန်အပြေးပြိုင်ပွဲဝင် ၅၈ ဦးမှ အရှေ့ဘက်ကန်သာယာကန်တစ်ပတ်အား လည်းကောင်း၊ အမျိုးသား မီနီမာရသွန် အပြေးပြိုင်ပွဲဝင် ၈၆ ဦးက အရှေ့၊အနောက်ဘက်ကန်သာယာကန်တို့အား လည်းကောင်း ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင် ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ကျောင်းသူများ မာရသွန်အပြေးပြိုင်ပွဲဝင် အားကစားသမားများ ပန်းဝင်လာမှုတို့အား တစ်ပျော်တစ်ပါး ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ပြည် သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလျက်ရှိသည် ၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလလူထုလှုပ်ရှားမှု အထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ်ဖလား Fitness Dance ပြိုင်ပွဲသို့ ရောက်ရှိရာ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီး ဌာနမှ ဝန်ထမ်းများက Fitness Dance ဖြင့်ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီး ချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ အရာထမ်း၊အမှုထမ်းများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော လိပ်များမှ ကျောင်းသား၊ကျောင်းသူများက ဝန်ကြီးဌာနများနှင့်တက္ကသိုလ်၊ဒီဂရီကောလိပ် များမှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ Fitness Dance ပြိုင်ပွဲယှဉ်ပြိုင်နေမှုများအား ကြည့် ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅-ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အလုံရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရန်အတွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (အလုံ) ကျောင်းဝန်းအတွင်းရှိ မဲရုံအမှတ်(၂) ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား လည်းကောင်း၊ ခံတောကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝန်းအတွင်းရှိ စစ်ပင်ရပ်ကွက် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးနိုင်ရန်အတွက် မဲရုံအမှတ်(၃) ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား လိုက်လံကြည်ရှုခဲ့ကြပြီး မဲရုံမှူး၊ဒုတိယမဲရုံများနှင့်အဖွဲ့ဝင်များအား ရင်း ရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

20251230 15

20251230 15

20251230 15

20251230 15

20251230 15

20251230 15

20251230 15