မုံရွာ၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၂၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး မီးသတ်စခန်းသို့ ရောက်ရှိရာ မကြာမီ ပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်ပါ၍ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှပြည်သူများ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် ရှာဖွေကယ်ဆယ်ရေးစက်ပစ္စည်းများနှင့် မီးငြိမ်း သတ်ယာဉ်များ၊ ရေသည်ယာဉ်များ အသင့်ပြင်ဆင်ထားရှိမှုများ၊ ကြံ့ခိုင်မှုများအား လိုက်လံ ကြည့်စစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းအတွင်း ခင်းကျင်းပြသထားရှိသည့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဝယ်ယူဖြည့်တင်းထားရှိသည့် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်မီးသတ်စခန်း များသို့ ပြန်လည်ဖြန့်ဖြူးပေးမည့် မီးငြိမ်းသတ်ယာဉ်များနှင့် ရေသည်ယာဉ်များအား လိုက် လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါမီးသတ် စခန်းဝန်းအတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များ စားဝတ်နေရေး သာသက်ချောင်ချိရေး အတွက် စားဖိုဆောင်သီးနှံများစိုက်ပျိုးထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အားကစားနှင့် ကာယပညာသိပ္ပံ(မုံရွာ)သို့ ရောက်ရှိရာ လူငယ်ရေးရာကော်မတီမှ စီစဉ်ဆောင်ရွက်သည့် ရန်ကုန်တက္ကသိုလ်မှ ပါမောက္ခမှူးများ၏ ၂၀၂၆- ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ Grade – 12 အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ကျောင်းသူများအား အင်္ဂလိပ်စာဘာသာရပ် သင်ကြားပို့ချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားပေးစကားများ ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြု-သာဖွား သင်တန်းကျောင်း(မုံရွာ)သို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများနှင့်အတူတကွ အထူးနေ့လည်စာသုံးဆောင်ခဲ့ကြပြီး တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအုပ်ဆရာမကြီးထံ ငွေကျပ် ၁၀ သိန်းအား ပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

20260223 05

20260223 05

20260223 05

20260223 05

20260223 05