မုံရွာ၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးလောင်မှု Hotspot အရေအတွက်များပြားနေ ခြင်းကို လျော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ တတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၀ ရက်၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာ နဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော် မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မကြာမီပွင့်လင်းရာသီ ရောက်ရှိတော့မည်ဖြစ်သည့်အတွက် မိမိတို့တိုင်းဒေသကြီးအတွင်းရှိ လူနေရပ်ကွက်နေရာအနှံ့အပြား၌ နံနက်စောစောပိုင်းနှင့်ညနေပိုင်းများတွင် သစ်ရွက်ခြောက်အမှိုက်များ စုပုံ၍မီးရှို့ခြင်းကြောင့် တိုင်းဒေသကြီးအတွင်း လေထုအရည်အသွေးကျဆင်းစေနိုင်ပြီး ရေရှည်တွင် ပြည် သူလူထု၏ ကျန်းမာရေး၊ လူမှုစီးပွားရေးများကိုပါ ထိခိုက်စေနိုင်သောကြောင့် လေဟာပြင် တွင်အမှိုက်များအား စည်းကမ်းမဲ့စွာမီးမရှို့စေရေး တာဝန်ရှိအားလုံးမှ ဝိုင်းဝန်းကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း မီးခိုးမြူငွေ့များ ညစ်ညမ်းမှု လျော့နည်းလာစေရေးနှင့် Fire Hotspot အရေအတွက်ကို သတ်မှတ်ထားသည့် အရေအတွက်ထိရောက်အောင် လျှော့ချနိုင်ရေး အဖွဲ့ဝင်ဌာနများအားလုံးမှ ပူးပေါင်းဆောင်ရွက် ကာ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက တိုင်း ဒေသကြီးအတွင်း မီးလောင်မှု Hotspot အရေအတွက်များပြားနေခြင်းကို လျော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေး မှူးက တိုင်းဒေသကြီးအတွင်း မီးလောင်မှု Hotspot အရေအတွက်များပြားနေခြင်းကို လျော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကြိုတင်စီမံ ဆောင်ရွက်ထားရှိမှုများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေး ခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ များက Video Conferencing စနစ်ဖြင့် မီးလောင်မှု Hotspot အရေအတွက်များပြား နေခြင်းကို လျော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း မီး လောင်မှု Hotspot အရေအတွက်များပြားနေခြင်းကို လျော့ချနိုင်ရေးနှင့် မီးခိုးငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြ သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

20260223 01

20260223 01

20260223 01