မုံရွာ၊ မတ် ၃

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် မီးရထားစက်မှုသင် တန်းကျောင်း(ရွာထောင်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်း အမှတ်စဉ်(၆/၂၀၂၆) သင် တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ ၃ ရက်၊ နံနက်ပိုင်းတွင် မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)ရှိ ရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား၊သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ဖွင့်လှစ်သည့် အိမ်တွင်းမှု လျှပ်စစ်သွယ်တန်းခြင်းသင်တန်းသည် မိမိတို့တိုင်းဒေသကြီးအတွင်း (၆)ကြိမ်မြောက်ဖွင့် လှစ်သည့် သင်တန်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေ ဖြင့် ဒေသနှင့် ကိုက်ညီမှုရရှိစေမည့် အသက်မွေးမှုနှင့် ကျွမ်းကျင်မှုသင်တန်းများအား စဉ်ဆက်မပြတ် ဖွင့် လှစ်ပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊ သင်တန်းသား၊သင်တန်းသူများ အနေ ဖြင့်လည်း ယခုသင်ကြားပေးမည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းဘာသာရပ်များအား နား လည်တတ်ကျွမ်းအောင် ကြိုးစားသင်ယူပြီး မိမိတို့ဘဝလုံခြုံမှုအတွက် အထောက်အပံ့ကောင်းများဖြစ်အောင် ကြိုးစားသင်ယူသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးဦးညွန့်ဝင်းအောင်က မြန်မာ့မီးရ ထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) အထွေထွေမန်နေဂျာထံ အိမ်တွင်းလျှပ်စစ်သွယ် တန်းတပ်ဆင်ခြင်သင်တန်း အတွက် ငွေကျပ် – ၃၄၅၀၀၀၀ (သုံးဆယ်လေးသိန်းငါး သောင်း)ကျပ်အား ပေးအပ်သည်။

ဆက်လက်၍ မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) အထွေထွေ မန်နေဂျာမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊သင်တန်းသူများနှင့်စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ သင်တန်း သား၊သင်တန်းသူများ အားရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်း အမှတ်စဉ်(၆/၂၀၂၆) သင်တန်းသို့ သင်တန်းသား၊သင်တန်းသူ (၂၀)ဦး တက်ရောက်သွားမည်ဖြစ်ပြီး သင် တန်းကာလရက်(၂၀)ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်)ရှိ သင်တန်းကျောင်းဆောင် အဆောက်အဦ ပြန်လည်ပြုပြင်ပြီးစီးမှုများအား လိုက်လံကြည့်ရှုခဲ့ ကြပြီး လိုအပ်သည်များကို တာ ဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်သည့် ASEAN Plus-3 အရေးပေါ် အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ (၂၀၂၅)အရ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူ များအတွက်လှူဒါန်းသည့် ဆန်(၂၁၀)တန်အားပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက် ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် (APTERR) မှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တာဝန်ရှိသူ များနှင့် တတ်အားသ၍ ဝိုင်း ဝန်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသ ကြီး၏ လက်ရှိလယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား ထိန်းသိမ်းထားပြီး ယခုထက်မက ဖွံ့ ဖြိုးတိုးတက်ကာ စိုက်ပျိုးရေးကဏ္ဍထွက်ကုန်များ ဖူလုံစေရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက စစ်ကိုင်းမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများထံ ဆန်များထောက်ပံ့ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ တိုင်ဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက် လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ငလျင်ဘေးသင့်ပြည် သူများအား ထောက်ပံ့ပေးအပ်မည့် ဆန်များသိုလှောင်ထားရှိမှုများအား သွားရောက် ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက် ပေးခဲ့ကြောင်း သိရသည်။

20260304 01

20260304 01

20260304 01

20260304 01

20260304 01