မုံရွာ၊ မတ် ၈

၂၀၂၆ ခုနှစ်၊အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားကိုမတ်လ၈ရက်၊ နံနက် ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာမြို့၊ ချင်း တွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ဒီဂရီကောလိပ်များမှပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ နှင့်ဆရာမများ၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ခေတ်ကာလသည် အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသမီးများ၏ အခွင့် အရေးနှင့် ကျား၊မဆိုင်ရာကိစ္စရပ်များကို မူဝါဒများတွင် ထည့်သွင်းပေါင်းစပ်နိုင်ရန်အတွက် သက်ဆိုင် ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအကြား ပူး ပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များသည် အမျိုး သမီးထုကြီး၏ အင်အားနှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးကဏ္ဍမြှင့်တင်ပေးမည့် မူဝါဒများ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းယန္တရားများ အားကောင်းလာစေရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် ခေတ်သစ် ဒီမိုကရေစီ နိုင်ငံတော်အသွင်ကူးပြောင်း ကာလအတွင်း အမျိုးသမီးများ၏ အခန်းကဏ္ဍအား တစ်ဆင့်ထက်တစ်ဆင့် မြင့်မားတိုးတက်စေရန် တန်းတူအခွင့်အရေးရရှိစေရန်အတွက် အမျိုးသမီးစွမ်းရည်မြင့်တင် သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ဥက္ကဌတို့မှ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်က ပေးအပ်သည့် “လုပ်ငန်း စွမ်းဆောင်မှုနှင့်လွှမ်း ခြုံမှုအကောင်းဆုံး” ဒုတိယဆုတံဆိပ်အား အပ်နှံကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုဆုလက် မှတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပြန်လည် ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်မှ ပေးပို့သည့် သဝဏ်လွှာနှင့် မြန်မာ နိုင်ငံအမျိုးသမီးများ ဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ သမိုင်းမှတ်တိုင်များ Video Clip တို့အား ကြည့်ရှုအားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌက တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့၏ လုပ်ငန်းစွမ်းဆောင်ချက်များအား ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားသို့ တက်ရောက်လာသူများက မုံရွာမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကျောင်းသူများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုများအား ကြည့်ရှုအားပေးကြပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် ဥက္ကဌတို့မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် လူမှုဝန်ထမ်းဦးစီးဌာတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အိမ်တွင်းမှုလက် ရာပစ္စည်းများ ခင်း ကျင်းပြသထားရှိမှုများနှင့် တိုင်းဒေသကြီး အမျိုး သမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၏ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့ နယ်များ၌ လုပ်ငန်းများဆောင်ရွက်ခဲ့မှု မှတ်တမ်းဓါတ်ပုံများအား လိုက်လံကြည့်ရှုခဲ့ကြ သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာ ဝန်ရှိသူများသည် ညနေပိုင်းတွင် (၈၁)နှစ်မြောက်၊ တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ကန်သာယာ ညဈေး Night Market ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပြည်သူများ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အလုပ် အကိုင်အခွင်အလမ်း များ ကောင်းမွန်စေရန် ရည်ရွယ်၍ ဈေးသစ်များ တည်ဆောက်ပေးခြင်း၊ လက်ရှိဈေးများအား အဆင့်မြှင့်တင်မွမ်းမံပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ၄င်းအပြင် မြို့နေပြည်သူများ အပန်းဖြေစေနိုင်ရန်အတွက် ယခုလိုအပန်း ဖြေနေရာများဖြစ်သည့် အရှေ့ဘက်ကန်သာယာ၊ အနောက်ဘက်ကန်သာယာ၊ လယ်တီကန်များဆောင်ရွက်ပေးခြင်း၊ ပြည့်သူ့ဥယျာဉ် အပန်းဖြေစခန်းအား တည်ဆောက်ပေးခြင်း၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းစသည့် ပြည်သူလူထု လိုအပ်သည့် ဒေသဖွံ့ဖြိုးတိုးတက် စေရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မုံရွာမြို့နေ ပြည်သူများအနေဖြင့်လည်း မိမိမြို့ဖွံ့ဖြိုးတိုး တက်စေရန်နှင့် တည်ငြိမ်အေးချမ်းပြီး စီးပွားရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် မြို့နေပြည်သူများမှလည်း တာဝန်ရှိသူနှင့်ဝိုင်းဝန်းပူးပေါင်း၍ မုံရွာမြို့အား ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းဆောင်ရွက်သွားကြ ရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်း က မုံရွာမြို့ ကန်သာယာညဈေး Night Market တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ် သက်၍ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရ၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ ဦးမျိုးတင့်ဇော်တို့က မုံရွာမြို့၊ ကန်သာယာညဈေး Night Market အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးဝန်ကြီးနှင့် အတွင်းရေးမှူးတို့က မုံရွာမြို့ ကန်သာယာညဈေး Night Market ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာ /ပန်းပွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အဆိုပါ မုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မုံရွာမြို့ ကန်သာယာညဈေး Night Market အလျား – ၁၂ ပေ၊ အနံ ၁၂ ပေအကျယ်ရှိ ဈေးဆိုင်ခန်း ပေါင်း ၁၁၀ ခန်းရောင်ချနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ဈေးရောင်းဈေး ဝယ်လာရောက်ကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

20260309 17

20260309 17

20260309 17

20260309 17

20260309 17

20260309 17