မုံရွာ၊ ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင် ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ များနှင့် မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်မှုကော်မတီ ဥက္ကဌများက Video Conferencing စနစ်ဖြင့် တာ ဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအားဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများအားလုံးမှဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း နေထိုင်ကြသည့် ပြည်သူများအားလုံး စားရေရိက္ခာဖူလုံပြည့်ဝစေရေးအတွက် ဒေသ အတွင်းရှိ ဆီထွက်သီးနှံ၊ နေကြာ၊ မြေပဲ၊နှမ်း အခြားသီးနှံဖြစ်သည့် စပါး၊ ပဲအမျိုးမျိုး၊ ပြောင်း၊ စက်မှုကုန်ကြမ်းသီးနှံဖြစ်သည့် ဝါတို့ကို ပန်းတိုင်းအထွက် နှုန်းရရှိရေး၊ မစိုက်ပျိုးသည့်ကျန်မြေများ တိုးချဲ့စိုက်ပျိုးရေး၊ ဝါးကုန်ကြမ်းမှ ကုန်ချောပျော့ဖတ်၊ လက်မှုပစ္စည်း ထုတ်လုပ်ရေး၊ ဆောင်ရွက်ရန်လိုအပ်သည့် မျိုး၊ မြေ၊ရေ၊ နည်း များ စနစ်တကျအသုံးပြုရေး ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးရေး၊ မွေးမြူရေးလုပ်ငန်းများအား ခြံလှောင်စနစ်၊ အစာကျွေးစနစ်တို့ဖြင့် မွေးမြူရေး၊ မွေးမြူရေးတိရစ္ဆာန် အစာများထုတ်လုပ်ပေး နိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ လျာထားချက်ထက်ပြည့်မီအောင် ကြိုးစား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လုပ်ကိုင်ဆောင်ရွက်နေ သည့် MSME လုပ်ငန်းများကိုလည်း ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကုန်ကြမ်းရရှိရေး၊ လျှပ်စစ် လောင်စာဆီရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ MSME ထုတ်ကုန်များကို တိုးတက်ထွက်ရှိရေးအရည်အသွေးကောင်း မွန်အောင် ကြိုးစားသွားကြရန် လိုအပ်ပါ ကြောင်း၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူအားလုံးအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက် အခဲများကို ကျော်လွှားနိုင်အောင်ကြံဆလုပ်ဆောင်ရန်နှင့် လိုအပ်ချက် ရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီတင်ပြသွားကြရန်နှင့် လိုအပ်ချက်များအား တာဝန်ရှိသူများနှင့် ပေါင်း စပ်ကူညီ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများမှ လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအစည်းအဝေးသို့တက်ရောက် လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်း လွဲပိုင်းတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဇေယျာသီရိခန်းမတွင် ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်း တာဝန်ကျေဝန်ပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ပြည်သူ့ စစ်မှုထမ်းဆောင်ပြီးစီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်သူရနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးတို့က ဂုဏ်ပြုအမှာစကား ပြောကြားသည်။

ယင်းနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက ပြည်သူ့ စစ်မှုထမ်း ဆောင်ပြီးကြောင်း လက်မှတ်နှင့် ပြည်သူ့စစ်မှုထမ်းတံဆိပ် ဂုဏ်ပြုခြင်းခံရသည့် စစ်သည် ပြည်သူ့စစ်မှုထမ်းများအား ဂုဏ်ထူး ဆောင်တံဆိပ်၊ လက်မှတ်များ၊ စစ်ရေးချုပ်ရုံးနှင့် တိုင်းစစ်ဌာနချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအတွက် ပြည်သူ့စစ်မှုထမ်း တစ်ဦးထံ ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၇၀ အား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် တိုင်းမှူးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသည့် ပြည်သူ့စစ်မှုထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။