မုံရွာ၊ ဧပြီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးနှင့်ဇနီး၊တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ဥပဒေချုပ်နှင့်တာဝန်ရှိသူများသည် ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတတ်နေ့ နံနက်ပိုင်းက မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်သည့်နေရာသို့ သွားရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူ ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ ဥပဒေချုပ် နှင့်တာဝန်ရှိသူများက လမ်း လျှောက်သင်္ကြန်ပြုလုပ်လျက်ရှိသည့် ရွှေသလ္လာနှစ်သစ်မဏ္ဍပ်၊ ရွှေပိ တောက်ပျိုမေမဏ္ဍပ်၊ လျှပ်စစ်/စွမ်းအင်/လမ်းပန်းဆက်သွယ်ရေးမဏ္ဍပ်၊ ချင်းတွင်းပိတောက်မဏ္ဍပ်နှင့် ဗဟိုမဏ္ဍပ်များသို့ သွားရောက်၍ ဌာနဆိုင်ရာမဏ္ဍက်များရှိ ယိမ်းလှပျို ဖြူလေးများနှင့် နိုင်ငံကျော်အဆိုတော်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု မြို့နေပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်ဆင်နွှဲနေမှုများအား သွားရောက်ကြည့်ရှုအား ပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ မုံရွာမြို့၊ MSMEလုပ်ငန်းဒေသထွက်ကုန်တစ်ခုဖြစ်သည့် မြန်မာ့ရိုးရာလက်ဖက် စားသောက်ဖွယ်ရာများ ခင်းကျင်းပြသထားရှိမှုများအား လိုက်လံကြည့်ရှုကာ တာဝန်ရှိသူများနှင့်အတူတကွ သုံးဆောင်ခဲ့ကြပြီး မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်နေမှုများအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အရှေ့ဘက်ကန် သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်၌ လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ လာရောက်ပါဝင် ဆင်နွှဲကြသည့် မြို့နေပြည်သူများအား ထမင်းနှင့်ဟင်းများ စတုဒီသာကျွေးမွေးနေမှုများ နှင့် ဌာနဆိုင်ရာမဏ္ဍပ်များအလိုက် မုန့်လက်ဆောင်၊ ဂျုံကြို၊ ကြာဇံဟင်း၊ ရွှေရင်အေးများ စတုဒီသာကျွေးနေမှုများအား လိုက်လံကြည့်ခဲ့ကြပြီး မြို့နေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်အနီး လမ်းလျှောက်သင်္ကြန် ပိတ်ပွဲ အခမ်းအနားနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဌ၊တိုင်းဒေသကြီး တရာသူကြီးချုပ်နှင့်ဇနီး၊တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များနှင့် ဇနီးများက ဌာနဆိုင်ရာမဏ္ဍပ်များမှ ယိမ်းအကအဖွဲ့ ၁၈ ဖွဲ့မှ တာဝန်ရှိသူများထံ ဂုဏ်ပြုချီးမြှင့်ငွေများ ပေး အပ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက ၂၀၂၆-ခုနှစ်၊ မြန်မာ့ရိုးရာ နှစ် သစ်ကူးမဟာသင်္ကြန်ပွဲတော်ပိတ်ပွဲ အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရစ်သက္ကရဇ် ၂၀၂၆ -ခုနှစ်၊ မြန်မာသက္ကရဇ် ၁၃၈၇-ခုနှစ်၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာမဏ္ဍပ်အသီးသီးမှ ယိမ်းအဖွဲ့လှပျိုဖြူများ၊ သင်္ကြန်ချစ်သူများနှင့် ဧည့်ပရိသတ်များက “မန်းတောင်ရိပ်ခို”တေးသီချင်းဖြင့် စုပေါင်းသီဆို ကပြဖျော် ဖြေခဲ့ကြောင်း သိရသည်။






