မုံရွာ၊ မေ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်အတွင်း ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးသီးနှံ (စပါး၊ နှမ်း၊နေကြာ၊ပဲတီစိမ်း၊ဝါ)ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း၊မျိုးသန့်၊ မျိုးစေ့ နှင့်စပါးမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို မေလ ၈ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုး ရေးအား အဓိကလုပ်ကိုင်ဆောင်ရွက်နေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်တာနှင့်အညီ တိုင်း ဒေသကြီးအတွင်း စိုက်ပျိုးလျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံ ပဲမျိုးစုံနှင့် စက်မှုကုန်ကြမ်းသီး နှံဝါအပါအဝင် သီးနှံမျိုးစုံစိုက်ဧကလျာထားချက်ပြည့်မီရေးနှင့် ပန်းတိုင်အတွက်နှုန်းရရှိ ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် စီးပွားရေးမူဝါဒများ ခိုင်မာစွာချမှတ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပိုမိုကျယ် ပြန့်စွာ ထုတ်လုပ်နိုင်ရေး၊ လယ်ယာကဏ္ဍကုန်ထုတ်စွမ်းအား မြင့်မားလာစေရေး၊ တောင် သူများဝင်ငွေတိုးတက်ရရှိစေရေးနှင့် ဘေးကင်းလုံခြုံပြီး အဟာရပြည့်ဝသည့် စားရေရိက္ခာများထုတ်လုပ်နိုင်ရေးအတွက် နည်းလည်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ တာဝန်ရှိသူများနှင့် ဒေသခံတောင်သူများအနေဖြင့်လည်း စိုက်ပျိုးသည့်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများအား လိုက် နာဆောင်ရွက်ကြမည်ဆိုပါက စိုက်ပျိုးသည့်သီးနှံများ အထွက်တိုးပြီး တိုင်းဒေသကြီး၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတိုးတက်ဖွံ့ဖြိုးလာမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် စစ် ကိုင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌတို့က စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးအတွက် မိုးသီးနှံ စပါး၊နှမ်း၊နေကြာ၊ ပဲတီစိမ်း၊ ဝါ မျိုးစေ့များနှင့် မျိုးစေ့နှင့်စပါးမျိုးစေ့ချကိရိယာများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာမှ ဒေသခံတောင်သူ ၃၀၀ ဦးကိုယ်စား ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တိုင်း ဒသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း၌ ဒေသခံတောင်သူများအား လယ်ယာသုံးစက်မောင်းဆီများ ၁ ဂါလဲ ၁ သောင်းဖြင့် ရောင်းချပေးနေမှုများနှင့် စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှု များအား လိုက်လံကြည့်ရှုခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပါရမီ ရပ်ကွက်ရှိ “စိန်ကြည်” ခေါက်ဆွဲစက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ခေါက်ဆွဲခြောက်များ ထုတ်လုပ်မှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူ များနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ စက်မှုဇုန်ကော်မတီရုံးတွင် စစ်ကိုင်းစက်မှုဇုန်ရှိ စက်ရုံအလုပ်ရုံလုပ်ငန်းရှင် များ၊ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန် ရှိသူများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စက်ရုံအလုပ်ရုံများ အတွက်အသုံးပြုသွားမည့် ကုန်ကြမ်းပစ္စည်းများရရှိရေး၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း များ အဆင်ပြေချောမွေ့စေရေး၊ ကုန်ပစ္စည်းများအရည်အသွေးကောင်းမွန်စွာဖြင့် ထုတ် လုပ်သွားရေးနှင့် လုပ်ငန်းအခက်အခဲများရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် စစ်ကိုင်းစက်မှုဇုန်ကော်မတီ ဥက္ကဌမှ စက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံ များ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေမျာအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေ သည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် စစ်ကိုင်းစက်မှုဇုန်အတွင်းရှိ စက်ရုံအလုပ်ရုံလုပ်ငန်းရှင်များ၊ MSME လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်း စပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။





