မုံရွာ၊ မေ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ကလေးခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် တာဝန်ရှိသူများ သည် မေလ ၁၀ ရက်၊ ညနေပိုင်းတွင် ကလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးမြို့ပေါ်ရှိ MSME လုပ်ငန်းများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးကိုလေးက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း MSME လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် လုပ်ငန်း ရှင်များ လုပ်ငန်းများတိုးချဲ့နိုင်စေရန်အတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ စနစ်တ ကျထုတ်ချေးပေးလျက် ရှိပါကြောင်း၊ ယခုလိုတွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကလေးမြို့ပေါ်ရှိ MSME လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ကိုင်ဆောင်ရွက်နေ သည့်လုပ်ငန်းများ ကုန်ပစ္စည်းတိုးတက်ထုတ်လုပ်နိုင်ရန်နှင့် အခက်အခဲများရှိပါက ဆွေး နွေးတင်ပြသွားကြရန်နှင့် မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည် များညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် MSME လုပ်ငန်း ရှင်များမှ မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင် ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောာင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလေးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ကျောင်းသူများအား နိုင်ငံ တော်အစိုးရ၏ ရက်(၁၀၀)အတွင်း လမင်းစီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်နှင့် UID ထုတ်ပေးနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများ ထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများ နှင့်ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။




